ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
Published 4 April 2024

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်ကျေးရွာ အနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်း အချိန်က မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေ ကျပ် ၁ ဒသမ ၉၃၂ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ သည့် ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ကျိုက်ထိုမြို့နယ် မရမ်းချောင် ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကား လမ်းတွင် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က ရန်ကုန် ဘက်မှ မော်လမြိုင်မြို့ ဘက်သို့ လင်းလင်းဖြိုး ဆိုသူမောင်းနှင်လာ သော စူပါကတ်စတန် ဟိုင်းအေ့ အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးသတင်း အရ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးမှုများလုပ်ဆောင် ရွာမှ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈)တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလိုအား ရှာဖွေတွေ့ရှိ သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ် ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး ]]ယာဉ်မောင်းဖြစ် တဲ့ လင်းလင်းဖြိုး ရဲ့ ထွက်ဆိုချက်တွေအရ ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူဘလောက်တုံးတွေကို ရှမ်းပြည်နယ် (တောင်ပိုင်း) ကနေ မော်လမြိုင် မြို့ကိုပို့ဆောင်ဖို့အတွက် သယ်ဆောင် လာ ခြင်း ဖြစ်တယ်လို့ ထွက်ဆိုချက်ပေးထားပါ တယ်}} ဟု ပြောကြးသည်။

ထိုဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီး ရမိခဲ့ပြီးနောက်ပိုင်း ကွင်းဆက်တရားခံများ ကို ရှာဖွေဖော်ထုတ်မှုများ လုပ်ဆောင်နေ ကြောင်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ် နှင့် ပတ်သက်ပြီး လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ လင်းလင်းဖြိုး အား ဥပဒေ အရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent