မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများပေါ်တွင် လူနေအိမ်များ ဆောက်လုပ်ထားမှုအား မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများပေါ်တွင် လူနေအိမ်များ ဆောက်လုပ်ထားမှုအား မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူ
Published 8 March 2024

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများပေါ်တွင် လူနေအိမ်များ ဆောက်လုပ်ထားမှုအား မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူမှုကို မတ် ၆ ရက်မှစတင်၍ စာရင်းပြီးဆုံးသည်အထိ ကွင်းဆင်းကောက်ခံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းမှုကို မြို့နယ်မြေပြင်ကွင်းဆင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဌာနဆိုင်ရာဝန်ထမ်း ၉၀ ဦး၊ အရံ ၂၀ ဦးအား အဖွဲ့ငယ် ၁၅ ဖွဲ့ ဖွဲ့စည်းပြီး မတ် ၆ ရက် နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုအနေဖြင့် မတ် ၈ ရက်အထိ လူနေအိမ်ဆိုင်ရာစာရင်းကောက်ခံမှုပုံစံ ၁၈၇ ဦး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ စာရင်းကောက်ခံမှုပုံစံ တစ်ဦး၊ မြေလွတ်စာရင်းကောက်ခံမှုပုံစံ ၁၈၁ ဦး၊ မြေဖို့ခြင်း စာရင်းကောက်ခံမှုပုံစံ တစ်ဦး၊ ခြံစည်းရိုးထရံကာကျောက်တိုင်စိုက်ခြင်း စာရင်းကောက်ခံမှုပုံစံ ၈၀ ဦး၊ အုတ်တံတိုင်းခတ်ခြင်းစာရင်းကောက်ခံမှုပုံစံ ၃၇ ဦး၊ စုစုပေါင်း ၄၈၇ ဦး စာရင်းကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

မြေကွက်ပိုင်ရှင်များအနေဖြင့် မှတ်ပုံတင်မိတ္ထူ၊ အိမ်ထောင်စုမိတ္ထူစာရွက်စာတမ်း၊ မြေကွက်ပိုင်ဆိုင်မှု စာရွက်စာတမ်းမိတ္ထူ (ပုံစံ ၇/ ပုံစံ ၁၀၅)၊ အရောင်းအဝယ်စာချုပ် အစရှိသည့် စာရွက်စာတမ်းများ လက်ဝယ်ကိုင်ဆောင်ကာ ပိုင်ရှင်ကိုယ်တိုင်လက်ဗွေနှိပ်ရမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးပြီးကြောင်းကို စတစ်ကာ ကပ်ကြောင်း၊ စစ်ဆေးချိန်တွင် ပိုင်ရှင်ကိုယ်တိုင် လက်မှတ်ထိုး လက်ဗွေမနှိပ်မိပါက သက်ဆိုင်ရာရုံးသို့ သွားရောက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပိုင်ဆိုင်သူဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါနန်းဦးလွင်ကျေးရွာအုပ်စုအကွက်များကို ၂၀၁၄ ခုနှစ်က စတင်ဖော်ဆောင်ခဲ့ပြီး အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ရှိကာ နန်းဦးလွင်ကျေးရွာရပ်ကွက်၊ ကံကောက်အရှေ့ရွာရပ်ကွက်၊ ဘူးကုန်းကျေးရွာရပ်ကွက်နှင့် ကုန်းတန်းကျေးရွာ ရပ်ကွက်တို့ပါဝင်ကြောင်းလည်း သိရသည်။

Most Read

Most Recent