ထိုင်းနိုင်ငံ  ရယောင်းပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်း ပြိုကျပြီး မြန်မာလုပ်သား ခြောက်ဦး နှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ  ရယောင်းပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်း ပြိုကျပြီး မြန်မာလုပ်သား ခြောက်ဦး နှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံး
Published 30 March 2024

ထိုင်းနိုင်ငံ အရှေ့ပိုင်း  ရယောင်းပြည်နယ်ရှိ သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတ်လ ၂၉ ရက် ညနေ ၄နာရီ ခန့်က လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး မြန်မာလုပ်သား ခြောက်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးကာ ဆောက်လုပ််ရေး လုပ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ယခင်ကလည်း ယခုဖြစ်စဉ်ကဲသို့မကြာခဏဖြစ်ပွားခဲ့ကြောင်းနှင့် လျော်ကြေးတစ်စုံတရာမရရှိခဲ့သည့်အတွက် ထိုင်းဥပေဒပါ  နစ်နာကြေးများရရှိအောင် ထိုင်းလူ့အခွင့်ရေးဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း HRDF နှင့်ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးတို့ကို နှစ်လမ်းသွားပုံစံမျိုးဆက်သွယ်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ( JACBA )ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောသည်။

"ဖြစ်စဉ်ကထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်း ပြည်နယ်မှာရှိတဲ့သံထည် ဆောက်လုပ်ရေးစက်ရုံတစ်ခုရဲ့ လုပ်ငန်းခွင်ထဲမှာဖြစ်ခဲ့တာဗျ၊အဲဒီ သံထည် ဆောက်လုပ်ရေးလုပ်ငန်းခွင် ကရိန်းပြိုကျပြီးတော့ မြန်မာလုပ်သား ၆ဦးအပါအဝင် တရုတ်နိုင်ငံသား တစ်ဦး ၊ပေါင်း ရဦးသေဆုံးခဲ့တယ်။ မတ်လ၂၉ ရက် ညနေပိုင်းတုန်းကထိုင်းနိုင်ငံအရှေ့ပိုင်း ရ ယောင်းပြည်နယ် ပလွတ်တင်မြို့နယ် တာစင်ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ အနိဌာရုံဖြစ်စဉ်ကဖြစ်ခဲ့ပြီ၊ရှေ့ရှေ့မှာလည်း ဒီလိုမျိုး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆဖြစ်စဉ်ကြောင့်ဒဏ်ရာရသူတွေရှိခဲ့ပေမဲ့ အလုပ်ရှင်က နစ်နာကြေးတွေလျော်ကြေးတွေဘာမှစီစဉ်မပေးဘူးလို့သိရတယ်။ ခုဖြစ်စဉ်မှာတော့ မြန်မာလုပ်သား ၆ဦးနဲ့ တရုတ်နိုင်ငံသား ၁ဦးသေဆုံးသွားတာဖြစ်တဲ့အတွက် ထိုင်းဥပေဒပါ  နစ်နာကြေးတွေရရှိအောင် ထိုင်းလူ့အခွင့်ရေးဖွံ့ဖြိုးတိုးတက်မှုဖ်ငေ်ဒေးရှင်း HRDF နဲ့ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးတို့ကို နှစ်လမ်းသွားပုံစံမျိုးနဲ့ဆက်သွယ်ပြီးတော့ ကျန်ရစ်သူမိသားစုတွေဆီကနေ ခိုင်မာတဲ့ အချက်အလက်၊စာရွက်စာတမ်းတွေနဲ့တကွ တင်ပြမယ်ဆိုရင် ထိုင်းဥပဒေပါ နစ်နာကြေးရရှိမှာဖြစ်ပါတယ်။လောလောလတ်လတ်ကေတာ့ တစ်ဦးစီတစ်ဦးစီကို သဂြိုဟ် စရိတ်ယူရမှာဖြစ်ပါတယ်။"ဟု ဦးမိုးကြိုးကဆိုသည်။

ရယောင်ပြည်နယ်သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ  အလုပ်သမားများလည်း သေဆုံသွားသည့်လုပ်သားများ အတွက် တစ်ဦးလျှင်ဘတ် ၅သန်း လျှော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆိုမှုများရှိခဲ့ကြောင်းလည်း ၄င်းကဆိုသည်။

သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ် လုပ်ကိုင်နေကြသော အလုပ်သမားများက သေဆုံးသူများအတွက် နစ်နာကြေးလျော်ကြေးရရှိအောင်ဆန္ဒပြတောင်ဆိုပြီးနောက် မြန်မာလုပ်သား ၆ဦးအတွက် ထိုင်းငွေ ဘတ်၁၆ သိန်းလျော်ပေးရန်သဘောတူခဲ့ကြောင်းသိရသည်။

"သေဆုံးသူတွေရဲ့ အသက်တို့၊ဘယ်ဒေသက လဲဆိုတာတော့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ပေးဖို့လ်ိုပါတယ်။ဒီနေ့မတ်လ၃၀ ရက်နေ့မနက်ပိုင်းမှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူတွေတွေဆုံ ဆွေးနွေမှုအရ သေဆုံးသူ ၆ ဦးအတွက်ထိုင်းငွေ ဘတ်၁၆သိန်း ပေးလျော်ဖို့ သဘောတူလိုက်ပါတယ်ဗျ""ဟု ဦးမိုးကြိုးကပြောကြားသည်။

ရယောင်းပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာ အပါအဝင် အခြားနိုင်ငံခြားသား လုပ်သားများ ၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်းနှင့် အများစုမှာ မြန်မာလုပ်သားများဖြစ်ကြောင်း သိရသည်။

Photo - Thai News

ကိုရွှေသိန်း(မြဝတီ)

Most Read

Most Recent