ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပထမဦးဆုံး အသုတ်သည် ၎င်းတို့ကိုယ်တိုင် ဆန္ဒပြုထားသော Volunteer များ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပထမဦးဆုံး အသုတ်သည် ၎င်းတို့ကိုယ်တိုင် ဆန္ဒပြုထားသော Volunteer များ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 28 March 2024

ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပထမဦးဆုံး အသုတ်သည် ၎င်းတို့ကိုယ်တိုင်ဆန္ဒပြုထားသော Volunteer များ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မတ် ၂၇ ရက်က ကျင်းပသည့် ၇၉ နှစ်မြောက် တပ်မတော်နေ့စစ်ရေးအခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော် ပြောနိုင်တာ ပထမဦးဆုံး အသုတ်သည် မီဒီယာတွေလည်း တစ်ချို့ပြောတာပေါ့၊ ပထမဦးဆုံး စစ်မှုထမ်းဆောင်ခြင်းကို အတင်းအဓမ္မ စည်းရုံးတယ်တို့ ဘာတို့ မဟုတ်ပါဘူး။ ပထမဦးဆုံး ပါဝင်ထမ်းဆောင်မယ့်သူတွေသည် Volunteer တွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကိုယ်က ဆန္ဒလာပြုပြီးတော့ ပထမဦးဆုံး သင်တန်းကို တက်ချင်ပါတယ်ဆိုတဲ့ Volunteer များ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ထပ်ပြီး ပြောချင်တာကတော့ ဒီ Volunteer အုပ်စုက ထူးထူးဆန်းဆန်းပေါ့လေ ရန်ကုန်တိုင်းဒေသကြီးက အများဆုံး ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစကမှ ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ဖြစ်သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး နစက လက်ထက်မှသာ အာဏာအသက် ဝင်လာခြင်းလည်းဖြစ်သည်။

ယင်းဥပဒေအာဏာတည်ပြီး နောက် အနောက်နိုင်ငံများက ဝေဖန် သုံးသပ်မှုများ ရှိသည့်အပြင် Exile မီဒီယာများက လှုံ့ဆော်မှုများ ရှိလာသည့်အတွက် အောက်ခြေလူတန်း စားများ၊ အလယ်အလတ်တန်း၊ အ ထက်တန်းနှင့် Elite အလွှာများတွင် ရိုက်ခတ်မှုများရှိခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပ ဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့ စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ် (၁) ကို အင်အား ၅၀၀၀ ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး

သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ ဆန္ဒရှိသော အရပ်ဒေသများတွင်သာ သတ်မှတ်ထားသော ကာလအထိ တာဝန်ထမ်းဆောင်သွားရမည် နစကမှ ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်သူ့စစ် မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားထား သည်။

သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ် ခေါ် ယူသွားမည်ဖြစ်သည့်အတွက် တစ် နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်း လျာ ထားစီမံထားကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။

လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ် (၁) တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင် သူ အမျိုးသားများကိုသာ စတင်ခေါ် ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ် (၅) မှသာ ခေါ်ယူရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent