လူမှုကွန်ရက်တွင် ထွက်‌ပေါ်လာသည့် အသံဖိုင်နှင့်ပတ်သက်ပြီး မအေးသောင်း အပါအဝင် နစ်နာသူများကို အဆိုတော် အောင်လ တောင်းပန်

လူမှုကွန်ရက်တွင် ထွက်‌ပေါ်လာသည့် အသံဖိုင်နှင့်ပတ်သက်ပြီး မအေးသောင်း အပါအဝင် နစ်နာသူများကို အဆိုတော် အောင်လ တောင်းပန်
Published 13 April 2024

လူမှုကွန်ရက်တွင် ထွက်‌ပေါ်လာသည့် အသံဖိုင်နှင့်ပတ်သက်ပြီး မအေးသောင်း အပါအဝင် နစ်နာသူများကို အဆိုတော် အောင်လက တောင်းပန်ကြောင်း ဧပြီ ၁၂ ရက်ထုတ်  နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသောအသံဖိုင်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းချက်ဟုဆိုကာ အဆိုတော်အောင်လ က ‌ကြေညာထားခြင်းဖြစ်သည်။

အသံဖိုင်ကြောင့် မရည်ရွယ်ဘဲ မအေးသောင်းအပါအဝင် ထိခိုက် နစ်နာစေခဲ့သည့် ကာယကံရှင်များအား လေးစားစွာအနူးအညွတ် တောင်းပန်အပ်ကြောင်း၊ အဆိုပါကာယကံရှင်များနှင့် ပတ်သက်၍ ပျံ့နှံ့နေသောအသံဖိုင်အတွင်း၌ ဖော်ပြထားသကဲ့သို့ ဆက်ဆံရေးမရှိ ခဲ့သည့်အပြင် လူမှုရေး၊ စီးပွားရေးအဆက်အသွယ်မရှိသည်မှာလည်း ယနေ့ထိတိုင်ဖြစ်သည်ဟု အဆိုတော်အောင်လက ထည့်သွင်းကြေညာထားသည်။

ယင်းကြောင့် ကာယကံရှင်မိတ်ဆွေတို့အား ထိခိုက်နစ်နာစေခဲ့သည့် အတွက် ခွင့်လွှတ်ပေးပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်ဟု အောင်လက ‌ကြေညာထားသည်။

Most Read

Most Recent