City Mall St.John စျေးဝယ်စင်တာတွင် ကလေးတစ်ဦး စက်လှေကားတွင် ခြေထောက်ညှပ်မှုဖြစ်ပွား

City Mall St.John စျေးဝယ်စင်တာတွင် ကလေးတစ်ဦး စက်လှေကားတွင် ခြေထောက်ညှပ်မှုဖြစ်ပွား
Published 11 April 2024

City Mall St.John စျေးဝယ်စင်တာတွင် ကလေးတစ်ဦး စက်လှေကားတွင် ခြေထောက်ညှပ်မှုဖြစ်ပွားခဲ့ကြောင်း ဧပြီ ၁၁ ရက်၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့်ပြည်လမ်းထောင့်၊ City Mall St.John တွင် ကလေးတစ်ဦး စက်လှေကားညပ်မှုဖြစ်ပွားကြောင်း သိရသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကလေးငယ်မှာ စက်လှေကားတွင် ခြေထောက်ညှပ်နေခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ကယ်ထုတ်ပြီးစီးခဲ့ပြီး ဆုံဆည်းရာပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo - MFSD

 

Most Read

Most Recent