အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
Published 11 April 2024

 မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းသည် ဧပြီ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို ချိတ်ဆက်ဖော်ဆောင်ရေးနှင့် မြန်မာနိုင်ငံပြည်တွင်းအခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

ယင်းတွေ့ဆုံပွဲ၌  နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent