နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ ၂၂၀၁ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ ၂၂၀၁ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထပ်မံလွှဲပြောင်းပေးအပ်
နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်စဉ်
နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်စဉ်
Published 6 March 2024

နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ ၂၂၀၁ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကçက ထုတ်ပြန်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေ သများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေး ထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပ နိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရ သည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့် အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံ များသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီ ၉ ရက်မှ မတ် ၅ ရက်အထိ တရုတ် နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး ၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး အပါ အဝင် နိုင်ငံခြားသားစုစုပေါင်း ၂၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေး နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀၇၇၂ ဦးအပါအဝင်နိုင်ငံခြားသား စုစုပေါင်း ၅၂၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့် အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက် ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ ထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ် ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်း နှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent