ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိ

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိ
Published 1 March 2024

ထိုင်းဘုရင့်ရေတပ်မှစစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552)သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် မတ်လ ၁ ရက် နံနက်ပိုင်းတွင်ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာသည့် ထိုင်းဘုရင့်တပ်မတော်မှ စစ်ရေယာဉ်အား မြန်မာ့တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာ ရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မတ်လ ၃ ရက်ထိ သုံးရက်ကြာနေထိုင်၍ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent