မန်းရွှေစက်တော် ဘုရားပွဲတော်တွင် တပေါင်းလပြည့်နေ့ဝန်းကျင် ဘုရားဖူးလာရောက်သူ များပြားလျက်ရှိ

မန်းရွှေစက်တော် ဘုရားပွဲတော်တွင် တပေါင်းလပြည့်နေ့ဝန်းကျင် ဘုရားဖူးလာရောက်သူ များပြားလျက်ရှိ
Published 23 March 2024

 

ပုံစာ - မန်းရွှေစက်တော် ဘုရားပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးများနှင့် မန်းချောင်းတွင် အပန်းဖြေသူများအား မတ် ၂၃ ရက်က တွေ့ရစဉ် Photo: Zaw Zaw Aung (Minbu)

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရား ပွဲတော်တွင် တပေါင်းလပြည့်နေ့ ( မတ် ၂၄ ရက်)  ဝန်းကျင်အတွင်း ဘုရားဖူးလာရောက် သူများ များပြားလျက်ရှိကြောင်း ပွဲတော်အ တွင်း စျေးသည်များထံမှ သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲ နေ့တွင် အောက်စက်တော်ရာနှင့် အထက် စက်တော်ရာ တို့ကို အစဉ်အလာမပျက် ဖွင့် လှစ်အပူဇော်ခံခဲ့ကြောင်း ပုံမှန်အားဖြင့် ပွဲ တော်ကာလတွင် စနေ တနင်္ဂနွေ ရက်များနှင့် တပေါင်းလပြည့်နေ့တို့တွင် ဘုရားဖူးများ အ များအပြားလာရောက်လေ့ရှိကြောင်း၊ ယခု နှစ်တွင် တပေါင်းလပြည့်နေ့နှင့် တနင်္ဂနွေ နေ့ တိုက်ဆိုင်နေသောကြောင့် ဘုရားဖူးလာ ရောက်သူ ပိုမိုများပြားလျက်ရှိကြောင်း သိရ သည်။

“ဖွင့်ပွဲနေ့ဝန်းကျင်ကတော့ ဘုရားဖူး လာရောက်သူ အ သင့်အတင့်လောက် ရှိခဲ့ပါ တယ်။ အဓိကတော့ အခုကာလမှာ ဥညူငညန ပေါ်က ကောလာဟလတွေနဲ့ပတ်သက်ပြီး လူတွေက စိုးရိမ်ကြီး ပြီး မသွားရဲမလာရဲတွေ ဖြစ်နေကြတာလည်း ရှိပါတယ်။ ပွဲတော်တွင်း စျေးသည်တွေက ပွဲတော်ရာသီခွင် တစ်ခုလုံး စာ ရင်းနှီးပြီး ဆိုင်ထွက်ရတာဆိုတော့ တချို့ က ဆိုင်ဖွင့်ဖို့ မဝံ့မရဲ ဖြစ်ကြတာလည်း ရှိကြ ပါတယ်။အခု တပေါင်းလပြည့်ရက်ဝန်းကျင် မှာတော့ ပုံမှန်နှစ်တွေလို နယ်မျိုးစုံက ဘုရား ဖူးလာသူတွေ မများပေမယ့် ဒေသတွင်းက ဘုရားဖူးလာကြသူတွေတော့ များပါတယ် ” ဟု မန်းရွှေစက်တော် ဘုရားပွဲတော်တွင်း နှစ် စဉ်ဆိုင်ထွက်သည့်စျေးသည်တစ်ဦးက ပြော ကြားသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ပွဲတော် ပိတ် ပွဲနေ့တွင် အထက်စက်တော်ရာနှင့် အောက် စက်တော်ရာတို့ကို ပြန်လည်ပိတ်ထားလေ့ရှိ ကြောင်း၊ အောက်စက်တော်ရာကို အလင်း ပေါက် ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ထား သောကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း စက်တော်ရာကို မြင်တွေ့ဖူးမြော်နိုင်ကြောင်း၊  ရွှေစက်တော်ဘုရားသို့ ဘုရားပွဲတော်ချိန် မဟုတ်သည့် ကာလများတွင်လည်း ဘုရားဖူး များ လာရောက်လေ့ရှိကြောင်း သိရသည်။

 မန်းရွှေစက်တော် ဘုရာပွဲတော်တွင် နှစ်စဉ် တဲကျောင်းပေါင်း ၁၀၀၀ ခန့်နှင့် ဆိုင် ခန်းပေါင်း ၅၀၀ ခန့်တည်ဆောက်လေ့ရှိ ကြောင်း၊  မန်းရွှေစက်တော် ဘုရားပွဲတော်သို့ မြန်မာနှစ်သစ်ကူး သကြင်္နရက်များတွင် လည်း ဘုရားဖူးများ အများဆုံး လာရောက် လေ့ရှိကြောင်း သိရသည်။ 

  အောင်သူငြိမ်း

 

Most Read

Most Recent