စစ်တွေမြို့ မြို့မစျေးအနီးရှိ ကိုရီးယား ဆိပ်ကမ်းစျေးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု နစက ထုတ်ပြန်

စစ်တွေမြို့ မြို့မစျေးအနီးရှိ ကိုရီးယား ဆိပ်ကမ်းစျေးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု နစက ထုတ်ပြန်
Published 29 February 2024

စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းစျေးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးအနီးရှိ (ဒေသအခေါ် - ကိုရီးယားဆိပ်ကမ်းစျေး) အတွင်း၌ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး (ကုတင်- ၅၀၀)သို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့ပြင် AA အဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်သို့ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေတပ်နယ်ဘက်သို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် တပ်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent