သင်္ကြန်ကာလ နေရပ်ပြန်မည့် အထည်ချုပ် အလုပ်သမားများ၏ ကုမ္ပဏီများအတွက် ထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်

သင်္ကြန်ကာလ နေရပ်ပြန်မည့် အထည်ချုပ် အလုပ်သမားများ၏ ကုမ္ပဏီများအတွက် ထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်
Published 23 March 2024

သင်္ကြန်ကာလနေရပ်ပြန်မည့် အထည်ချုပ်အလုပ်သမားများ၏ ကုမ္ပဏီများအတွက် ထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ  အသင်းဝင် ကုမ္ပဏီများအနေဖြင့် စက်ရုံများ တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များသင်္ကြန်ကာလရုံးပိတ်ရက်များတွင် နေရပ် သို့ပြန်မည့်သူများ လမ်းခရီးသွားလာရေးအ ဆင်ပြေချောမွေ့စေရန် စက်ရုံ/ကုမ္ပဏီများ အနေဖြင့် ထောက်ခံစာပြုလုပ်ပေးလိုပါက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ပါ ရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထား သည်။

အလုပ်သမား၏ အမည်၊ မှတ်ပုံတင်အ မှတ်၊ လူမှုဖူလုံရေးအမှတ်၊ ကုမ္ပဏီဝန်ထမ်း အမှတ်၊ လုပ်ကိုင်သည့်ဌာန၊ လက်ရှိနေရပ် လိပ်စာ၊ အမြဲတမ်းနေရပ်လိပ်စာတို့ကို ဖော်ပြ ထားရမည်ဖြစ်ပြီး ကုမ္ပဏီမှတာဝန်ရှိသူ၏ လက်မှတ်၊ ရာထူး၊ ကုမ္ပဏီရုံးတံဆိပ်တုံး ရိုက် နှိပ်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဝေးပြေးယာဉ်လိုင်း စီးနင်းမည့်သူများ မှတ်ပုံတင်အပြင် ရပ်ကွက်/ရဲစခန်း ခရီးသွား ထောက်ခံစာ ယူလာရန် လိုအပ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း မှ အဝေးပြေးယာဉ်လိုင်းအချို့က ပြောကြား သည်။

“ကားလက်မှတ်ဝယ်ရင်တော့ မှတ်ပုံတင် ယူလာဖို့ လိုအပ်ပါတယ်။ ခရီးသွားမယ့်ရက် ကျရင် ရပ်ကွက် ဒါမှမဟုတ် ရဲစခန်းထောက်ခံ စာလိုပါတယ်။ တစ်ပတ်အတွင်း ယူထားတဲ့ ထောက်ခံစာပေါ့” ဟု နယူးအာရှယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသွားလာရာတွင် ယခင်က မှတ်ပုံတင် သာ လိုအပ်သော်လည်း လက်တလောတွင် ခရီးသွားထောက်ခံစာကို ယူဆောင်လာရန် လိုအပ်သည်ဟု မြတ်မန္တလာထွန်းအဝေးပြေး ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“အခု ထောက်ခံစာလိုပါတယ်။ အရင်က တော့ မှတ်ပုံတင်ပဲလိုပါတယ်” ဟု အဆိုပါယာဉ် လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မှတ်ပုံတင်တွင် ဖော်ပြထားသည့် နေရပ် သို့ ပြန်မည့်သူများဖြစ်ပါက မှတ်ပုံတင်ယူ ဆောင်လာရန်သာ လိုအပ်ပြီး အခြားနေရာသို့ ခရီးသွားမည့်သူများအနေဖြင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာများ ယူဆောင်လာရန်လိုအပ် သည်ဟု မန္တလာမင်းအဆင့်မြင့်ခရီးသည် ပို့ ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“နေရပ်ကို ပြန်မယ့်သူဆိုရင်တော့ မှတ်ပုံ တင်ပါရင် ရတယ်။ အလုပ်ကိစ္စနဲ့ တခြားနေရာ ကို သွားမယ်ဆိုရင်တော့ ရပ်ကွက်/ရဲစခန်း ထောက်ခံစာ ယူလာခဲ့ပေးရပါမယ်”  ဟု အဆို ပါခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ယခင်က ခရီးသွားလာရာတွင် မှတ်ပုံတင် ယူဆောင်သွားရန်သာ လိုအပ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ကာ ထောက်ခံစာ ယူဆောင်လာရန် လို အပ်လာခြင်းဖြစ်သည်ဟု ခရီးသည်တင်ယာဉ်လိုင်းအချို့၏ ပြောကြား ချက်အရ သိရသည်။

 

 

Most Read

Most Recent