အိန္ဒိယ-မြန်မာ နယ်နိမိတ်ကို ခြံစည်းရိုးခတ်ရန် အိန္ဒိယက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲမည်

အိန္ဒိယ-မြန်မာ နယ်နိမိတ်ကို ခြံစည်းရိုးခတ်ရန် အိန္ဒိယက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲမည်
Photo: reuters
Photo: reuters
Published 28 March 2024

အိန္ဒိယသည် မြန်မာနှင့်ထိစပ်နေသည့် ထိုးဖောက်စိပ့်ဝင်နိုင်သော ၎င်း၏ ကီလိုမီတာ ၁၆၁၀ (မိုင် ၁၀၀၀)ရှည်လျားသော နယ်နိမိတ်ကို ခြံစည်းရိုးခတ်ရန် ဆယ်နှစ်ခန့်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲရန်စီစဉ်ထားသည်ဟု နီးစပ်ရာသတင်းအရင်းအမြစ်ကပြောကြားခဲ့ပြီး ယင်းသို့ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းမှာ မှောင်ခိုနှင့် အခြားသော တရားမဝင် လုပ်ရပ်များကို တားဆီးရန်ဖြစ်သည်ဟု ဆိုသည်။

နယ်စပ်ကို ခြံစည်းရိုးခတ်မည်ဟု ယခုနှစ် အ‌စောပိုင်းတွင် အိန္ဒိယအစိုးရက ပြောကြာခဲ့ပြီး အမျိုးသားလုံခြုံရေး အကြောင်းပြချက်များအတွက်နယ်စပ်တွင် နေထိုင်သူများအတွက်မြန်မာနိုင်ငံနှင့်ဆယ်စုနှစ်ချီ ဗီဇာကင်းလွတ်ခွင့် မူဝါဒကို အဆုံးသတ်မည်ဖြစ်ကာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ၏ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းမည်ဟု ပြောကြားခဲ့သည်။

အစိုးရ ကော်မတီကခြံစည်းရိုးခတ်ရန် ကုန်ကျစရိတ်ကို ယခုလ ‌စောစောပိုင်းတွင် အတည်ပြုခဲ့ပြီးဖြစ်ရာ ဝန်ကြီးချုပ်နရန်ဒရာမိုဒီ၏ အစိုးရအဖွဲ့က အတည်ပြုရန်လိုအပ်သည်ဟု မီဒီယာနှင့် စကားပြောခွင့်မရှိသော အမည်မဖော်လိုသူ တစ်ဦးက ပြောကြားသည်။

ယင်းကိစ္စကိုဖြေကြားပေးရန် အီးမေးလ်ပို့၍မေးမြန်းမှုကို ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းနှင့် ရုပ်သံလွှင့်ဝန်ကြီးဌာနတို့က ချက်ချင်းဖြေကြားခြင်းမရှိပေ။

မြန်မာဘက်ကလည်း အိန္ဒိယ၏ခြံစည်းရိုးစီမံကိန်းအကြောင်းကို ပြောကြားခြင်းမရှိပေ။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း မြန်မာစစ်သား ရာဂဏန်းသည် အိန္ဒိယ ပြည်နယ်များကို ထွက်ပြေးခဲ့သည်။

 နယ်စပ်နှစ်ဘက်တွင်နေထိုင်ကြသူများသည် လူမျိုးရေးနှင့် မိသားစုဆိုင်ရာ ဆက်နွှယ်မှုများရှိကြသောကြောင့် လူမျိုးရေးဆိုင်ရာတင်းမာမှုများ အိန္ဒိယသို့ကူးစက်လာမည်ကို အိန္ဒိယအစိုးရက စိုးရိမ်ခဲ့သည်။

Ref: Reuters

 

Most Read

Most Recent