ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် ၅၇ စင်းအား စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် ၅၇ စင်းအား စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်
လှေနံပါတ်နှင့်အမည်များဖုံးကွယ်ကာ ငါးခိုးဖမ်းနေသောကမ်းဝေးငါးဖမ်းလှေတစ်စင်းကို တွေ့ရစဉ်
လှေနံပါတ်နှင့်အမည်များဖုံးကွယ်ကာ ငါးခိုးဖမ်းနေသောကမ်းဝေးငါးဖမ်းလှေတစ်စင်းကို တွေ့ရစဉ်
Published 16 March 2024

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် ၅၇ စင်းအား စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူ ထိန်းသိမ်းထားသည့် ငါးဖမ်း၊ ငါးသယ် ရေယာဉ် ၅၇ စီးကို မျက်မြင်အခြေအနေအ တိုင်း စျေးပြိုင်စနစ်နှင့် လေလံတင်ရောင်းချ သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ရောင်းချသွားမယ့် ရေယာဉ်များမှာ ကော့သောင်းခရိုင်တွင် ခုနစ်စင်း၊ ဘုတ်ပြင်း ခရိုင်တွင် ငါးစင်း၊ မြိတ်ခရိုင်တွင် ၁၅ စင်း၊ ဖျာပုံခရိုင်တွင် ၂၃ စင်းနှင့် ရန်ကုန်တိုင်းဒေသ ကြီးတွင် နှစ်စင်း ရှိနေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ မည့် ငါးဖမ်းရေယာဉ်များအတွက် လျှောက်လွှာများ ကို မတ် ၈ ရက်မှ ၂၅ ရက်အထိ ရောင်းချနေ ခြင်းဖြစ်ပြီး နေ့စဉ်ရုံးဖွင့်ချိန် နံနက် ၉ နာရီခွဲ မှ ညနေ ၃ နာရီခွဲအထိ နေပြည်တော်က ရုံး အမှတ် (၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် ဒေသအသီး သီးရှိ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများကို သွားရောက်ဆက်သွယ်ကာ ရေယာဉ်များ၏ မျက်မြင်အခြေအနေများကို သွားရောက် ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅၀၀၀ ပေးရမည်ဖြစ်ပြီး မတ် ၂၉ ရက်တွင် နေပြည်တော် ရုံးအမှတ် (၃၆)၊ ပဏ္ဍိတလမ်း ငါးလုပ်ငန်းဦးးစီးဌာန(ရုံးချုပ်)တွင် လေလံ တင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံဆွဲသူက ဝယ်ယူမည့် ရေယာဉ် တစ်စင်းချင်းအတွက် စဘော်ငွေကို နေပြည် တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် Payment Order Cheque (P.O) ဝယ်ယူပြီး လေလံပွဲမ တိုင်မီ မတ် ၂၆ ရက် နောက်ဆုံးထားပြီး လေလံ တင်ရောင်းချရေးကော်မတီထံ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent