ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင်တွင် နှစ်ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့်  မြန်မာ နိုင်ငံသား ၉၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင်တွင် နှစ်ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့်  မြန်မာ နိုင်ငံသား ၉၀ ကျော် ဖမ်းဆီးခံရ
Published 28 April 2024

ထိုင်း-မြန်မာနယ်စပ်၊ထိုင်းနိုင်ငံ  ကန်ချနဘူရီ ခရိုင်၊စံခလဘူရီမြို့နယ်တွင် နှစ်ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်  မြန်မာ နိုင်ငံသား ၉၀ ကျော် နေရာသုံးခု၌ ဖမ်းဆီးခံရ ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

ကန်ချနဘူရီခရိုင် စံခလဘူရီ မြို့နယ်အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများ ဝင်ရောက်လာမည်ဟု သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ စောင့်ဆိုင်းနေစဉ် သံသယဖြစ်ဖွယ် ကားလေးစီးကိုတွေ့ရှိစစ်ဆေးရာ  အဆိုပါကားအတွင်း၌ အပြည့်တင်ဆောင်လာသော မြန်မာနိုင်ငံသား ၃၀ ဦးတွေ့ရှိ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာ နိုင်ငံသားများသည် ညပ်ိုင်းတွင် ရေလမ်းကြောင်းမှတဆင့် ဝင်ရောက်လာပြီး နံနက်ပိုင်းမှသာ ကမ်းပေါ်သို့တက်လာ ကြခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ်ဖြင့် ဆက်လက် ခရီးဆက်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အတူ ဧပြီလ ၂၆ ရက်နေ့ကလည်း စက်လှေဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်သား၆၁ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံရှိ သတင်းဌာနများကဖော်ပြထားသည်။

ဧပြီလ ၂၆ ရက်နေ့  နံနက် ၃နာရီအချိန်ခန့်က စက်လှေများအားတွေ့ရှိရာ ရပ်တန့်စစ်ဆေးရန် မီးအချက်ပြသော်လည်း မောင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးရာ စက်ချို့ယွင်းသွားသည့်စက်လှေတစ်စီးကိုဖမ်းဆီရမိပြီး အထောက်ထားမဲ့ မြန်မာလုပ်သား၁၃ဦး ဖမ်းဆီးခံရေကြာင်းသိရသည်။

ထို့ပြင် ထာ့ခနွန်ကျေးရွာ ထာ့ဖယ်အိမ်ယာအနီး ရေလှောင်ကန်ဘေး တောစပ်တနေရာတွင် ပုန်းအောင်းနေသည့် မြန်မာ အလုပ်သမားများ ရောက်ရှိကြောင်း တာဝန်ရှိအဖွဲ့က သတင်းပေးရရှိသဖြင့်သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအလုပ်သမား အမျိုးသား၃၅ အမျိုးသမီး ၁၃ ဦးတို့ကိုတွေ့ရှိပြီး ဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီခံရသူများတွင် တစ်နှစ်နှင့် ၈နှစ် အရွယ် ကလေးငယ်များလည်းပါဝင်ပြီး အကျိုးဆောင်ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

 

Photo - Thai News

Most Read

Most Recent