အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက် မှ စတင်၍ ယာဉ်စည်းကမ်းစစ်ဆေးရာတွင် အလေးပြုပြီး ချိုသာယဉ်ကျေးစွာဆက်ဆံဆောင်ရွက်လျက်ရှိ

အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက် မှ စတင်၍ ယာဉ်စည်းကမ်းစစ်ဆေးရာတွင် အလေးပြုပြီး ချိုသာယဉ်ကျေးစွာဆက်ဆံဆောင်ရွက်လျက်ရှိ
Published 20 May 2026

အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက် မှ စတင်၍ ယာဉ်စည်းကမ်းစစ်ဆေးရာတွင် အလေးပြုပြီး ချိုသာယဉ်ကျေးစွာဆက်ဆံဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက် မှစတင်၍ ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ ဌာနဆိုင်ရာ ယာဉ်စစ်ဆေးရေးအဖွဲ့များက ပြည်သူများအား ယာဉ်စည်ကမ်းစစ်ဆေးရာတွင် ယာဉ်မစစ်မီ အလေးပြု၍ အစီအစဉ်ဖြင့် ယဉ်ကျေးစွာဆက်ဆံဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်ကားလမ်း အသုံးပြုသူ ပြည်သူများကိုလည်း လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေး စာစောင်များဝေငှခြင်း၊ စောင့်ကြည့်ပညာပေးခြင်းများ လုပ်ငန်းများကို မေ ၁ ရက်မှ စတင်ကာ သုံးပတ်ကြာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ကာလ မှစတင်ကာ ဌာနဆိုင်ရာ ယာဉ်စစ်ဆေးရေးအဖွဲ့တွေနဲ့ ပြည်သူကို ဆက်ဆံတဲ့နေရာမှာ ချိုသာယဉ်ကျေးစွာ ဆက်ဆံဖို့နဲ့ လေးစားချစ်ကြည်စွာ ဆက်ဆံဖို့ အဲ့ဒါကို ပြယုဒ်တစ်ခုအနေနဲ့ ယာဉ်မစစ်မီမှာ အလေးပြုတယ်။ ပြီး‌တော့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဟာတွေကို ပြောပြပြီးမှ ပညာပေးပါတယ်။ ရန်ကုန် တိုင်းတစ်တိုင်းလုံး လုပ်ဆောင်တာပါ။ စလုပ်ခဲ့တာ ၅ လပိုင်း ၁ ရက်နေ့မှာ စခဲ့တာ ၁၄ ရက်နေ့ထိ နှစ်ပတ် ပညာပေးအနေနဲ့ လုပ်ခဲ့တာပါ။ အခု တစ်ပတ်ထပ်တိုးလိုက်တာဆိုတော့ ၂၁ ရက်ထိ သုံးပတ်လောက်တော့ ခန်းမှန်းတာပေါ့" ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပညာပေးကာလပြီးဆုံးပါက လူကူးမျဉ်းကြား အသုံးပြုမှုနှင့် စည်းကမ်းမလိုက်နာသူများအား ဥပဒေအရ အရေးယူသွားရန် စီစဉ်ထားပြီး ဒဏ်ငွေကျပ် သုံးသောင်းထက်မပိုသော ပြစ်ဒဏ်ဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

" လူကူးမျဉ်းကြားပညာပေးတွေကို ဖမ်းဖို့ အစီအစဉ်ရှိပါတယ်။ သုံးသောင်းတဲ့မပိုသော ဒဏ်ငွေနဲ့ အရေးယူမှာပါ။ အခုလိုမျိုး လုပ်တာကောင်းပါတယ်။ ဒါမှသာ ပြည်သူများလည်း ယာဉ်မောင်းသူရော လမ်းအသုံးပြုသူရော ယာဉ်မှမဟုတ်ပါဘူး။ ‌ခြေကျင်သွားတဲ့သူတွေ စက်ဘီးစီးတာပဲဖြစ်ဖြစ် ဒီလမ်းအသုံးပြုသူအားလုံးကို ဒီလိုမျိုးလေးတွေ ပညာပေးတဲ့အတွက် သူတို့လည်း အန္တရယ်ကင်းတယ်။ပြည်သူအတွက်လည်း ဗဟုသုတတွေ ရပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ပညာပေးမှုများ ဆောင်ရွက်ခြင်းကြောင့် ယာဉ်မောင်းသူများသာမက ခြေလျင်သွားလာသူများ၊ စက်ဘီးစီးသူများနှင့် လမ်းအသုံးပြုသူအားလုံး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာနှင့် ဗဟုသုတများ ရရှိလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent