ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၃၉ ဦးအထိ ရှိလာ

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၃၉ ဦးအထိ ရှိလာ
မေ ၃ ရက်က ဘရာဇီးနိုင်ငံ ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်ရှိ BR-396 အဝေးပြေးလမ်းမ၏ တစ်စိတ်တစ်ပိုင်းရှိ တံတားတစ်စင်း ရေနစ်မြှုပ်နေစဉ်(Photo: Reuters)
မေ ၃ ရက်က ဘရာဇီးနိုင်ငံ ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်ရှိ BR-396 အဝေးပြေးလမ်းမ၏ တစ်စိတ်တစ်ပိုင်းရှိ တံတားတစ်စင်း ရေနစ်မြှုပ်နေစဉ်(Photo: Reuters)
Published 4 May 2024

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် မုန်တိုင်းများ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့ပြီးရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် မေ ၃ ရက်တွင် သေဆုံးသူ ၃၉ ဦးအထိ ရှိလာခဲ့သည်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မိုးဆက်လက်ရွာသွန်းနေချိန်တွင် ကယ်ဆယ်ရေးသမားများသည် လှေများနှင့်လေယာဉ်များကို အသုံးပြုပြီး ပြိုကျနေသောနေအိမ်များ၊ တံတားများနှင့်လမ်းများ၏အပျက် အစီးများကြားမှ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက်ရှိသည်။

ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်တွင် ရေများမြင့်တက်လာခြင်းသည် ရေကာတာများကို အက်လာစေကာ ပေါ်တိုအလီဂရီ၏မြို့ပြနေရာများကို မကြုံစဖူးရေလွှမ်းမိုးမှုဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများရှိနေသည်ဟုအာ ဏာပိုင်များက သတိပေးထားသည်။

ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်တွင်ရက်ပေါင်းများစွာကြာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လူဦးရေ ၁ ဒသမ ၅ သန်းရှိသော ပြည်နယ်မြို့တော်၏လမ်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေချိန်တွင်“ခင်ဗျားတို့အခု မြင် နေတဲ့အရာအားလုံး ကို မေ့ပျောက်လိုက်ပါ။ မြို့ပြဒေသတွေမှာ ဖြစ်လာနိုင်မယ့်အရာတွေက ပိုဆိုးပါတယ်”ဟု အုပ်ချုပ်ရေးမှူး အက်ဂွါဒိုလိုင်တီကမေ ၃ ရက်တွင်ပြောကြားခဲ့သည်။

ဧပြီ ၂၉ ရက် နောက်ပိုင်းကတည်းက ပြည်နယ်ရှိ မြူနီစပယ်ဒေသ ၂၆၅ ဒေသသဘာဝဘေးကြုံတွေ့ခဲ့ပြီး လူ ၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူ ၂၄,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရသည်။

ပျောက်ဆုံးနေသူ ၆၈ ဦးထက်မနည်းရှိပြီး လူ ၃၅,၀၀၀ ကျော်သည် ပစ္စည်းဥစ္စာပျက် စီးဆုံးရှုံးမှုအမျိုးမျိုးကို ကြုံတွေ့ခံစားခဲ့ရသည်ဟု ဆိုသည်။

တာဝန်ရှိသူများက အရေးပေါ်အခြေအနေထုတ်ပြန်ထားကာ ပြည်နယ်ရှိ ရေကာတာလေးခု ကျိုးပေါက်နိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။

ပြည်နယ်၏အဓိကဂွိုင်ရာဘိုမြစ်၏မြစ်ရေချိန်သည် ၁၃ ဒသမ ၇ ပေမှ ၁၅ ပေအထိ မြင့်တက်လာသည်ဟု ခန့်မှန်းထားသော်လည်း ရေမျက်နှာပြင်တိုင်းတာသည့် ကိရိယာများ မျောပါသွားသော်လည်း တိုင်းတာနိုင် ခြင်းမရှိကြောင်း ပေါ်တိုအလီဂရီ မြို့တော်ဝန်က ဆိုသည်။

ရေမျက်နှာပြင်ဆက်လက်မြင့်တက်နေသော်လည်း တာဝန်ရှိသူများက ရေကြီးရေလျှံမှုကာကွယ်ရေးကို အရှိန်မြှင့်တင်လုပ်ဆောင်နေကြသည်။

ပေါ်တိုအလီဂရီ၏ အဆိုးရွားဆုံးစံချိန်တင်ရေကြီးမှုသည် ၁၉၄၁ ခုနှစ်ကဖြစ်ကာမြစ်ရေချိန်သည် ၄ ဒသမ ၇၁ မီတာအထိ ရောက်ရှိခဲ့သည်။

ပြည်နယ်တစ်ဝန်းရှိ မြို့အများအပြား၌ ရေကြီးရေလျှံမှုကြောင့်လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ကာ အုပ်ချုပ်ရေးမှူး လိုင်တီကရီယိုဂရန်ဒီဒိုဆူးလ်၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသဘာဝဘေးအန္တ ရာယ်တစ်ခုအဖြစ် ပြောကြားခဲ့သည်။

ရပ်ကွက်အများစုသည် သောက်သုံးရေမရရှိခြင်း၊ တယ်လီဖုန်းသို့မဟုတ် အင်တာ နက်လိုင်းများပြတ်တောက်မှုနှင့်ကြုံတွေ့နေရကာ လူပေါင်းသောင်းချီသည် လျှပ်စစ်ဓာတ် အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်။

သမ္မတ လူးဝစ်အင်နာစီယိုလူလာဒါ ဆေးဗားက ဆန်တာမာရီယာမြို့သို့ မေ ၂ ရက်တွင် ရောက်ရှိလာခဲ့ကာ ပြည်နယ်တွင်ဖြစ်ပွားနေသည့် ဆိုးရွားသော ဝေဒနာများကို လျော့ပါးသက်သာစေရန် လူအင်အား သို့မဟုတ် ပစ္စည်းအရင်းအမြစ်ချို့တဲ့မှု မရှိစေရဟု ကတိပေးခဲ့သည်။

ဗဟိုအစိုးရက လမ်းများရှင်းလင်းခြင်း၊ အစားအစာများ၊ သောက်သုံးရေနှင့် အိပ်ရာများကို ဝေငှခြင်းနှင့် ယာယီအမိုးအကာများ စီစဉ်ပေးခြင်းတို့ကို ပြုလုပ်ရန် စစ်သား ၆၀၀ ကျော်ကို တပ်ဖြန့်စေလွှတ်ခဲ့ကာ လေယာဉ် များနှင့် လှေများကိုလည်းပေးပို့ခဲ့သည်။

Ref: AFP

Most Read

Most Recent