အစ္စရေးကို ပစ်ခတ်သည့် အီရန်နှင့် ယီမင်မှလာသော ဒရုန်းများနှင့် ဒုံးကျည်များကို အမေရိကန်က ဖျက်ဆီး

အစ္စရေးကို ပစ်ခတ်သည့် အီရန်နှင့် ယီမင်မှလာသော ဒရုန်းများနှင့် ဒုံးကျည်များကို အမေရိကန်က ဖျက်ဆီး
Published 15 April 2024

အီရန်နှင့် ယီမင်နိုင်ငံမှလာသော အစ္စရေးသို့ ပစ်ခတ်သည့် ဒါဇင်နှင့်ချီသည့် ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည် ခြောက်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ဗဟို စစ်ဌာနချုပ် (CENTCOM) က ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် မြေပြင်တွင် ပစ်လွှတ်ရန် ပြင်ဆင်ထားသည့် တစ်ခါသုံး တိုက်ခိုက်ရေး ဒရုန်းအစင်း ၈၀ ကျော်ကို ဧပြီ ၁၃ ရက်နှင့် ဧပြီ ၁၄ ရက်က ဖျက်ဆီးနိုင်ခဲ့ကြောင်း CENTCOM က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

"အီရန်ရဲ့ မကြုံစဖူး ဆိုးရွားပြီး အဆင်အခြင်မရှိတဲ့ အပြုအမူတွေဟာ ဒေသတွင်းတည်ငြိမ်ရေး၊ အမေရိကန်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေပါတယ်" ဟု CENTCOM က ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ယခုကဲ့သို့ အီရန်၏ အန္တရာယ်များသည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ပြီး အစ္စရေး၏ ကာကွယ်ရေးကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ရန် မိမိတို့၏ ဒေသတွင်း မဟာမိတ်များအားလုံးနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း CENTCOM က ပြောကြားခဲ့သည်။

Source: Al Jazeera

Most Read

Most Recent