ထိုင်ဝမ် အရှေ့ကမ်းရိုးတန်း၌  ငလျင်ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျု ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပြီး လူတစ်ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ် အရှေ့ကမ်းရိုးတန်း၌  ငလျင်ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျု ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပြီး လူတစ်ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရ
Published 3 April 2024
Ref: CNA

ငလျင်ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျု ရှိ မြေငလျင် သည် ထိုင်ဝမ်ကျွန်း၏ အရှေ့ကမ်းရိုးတန်းကို လှုပ်သွားခဲ့ပြီးနောက် လူတစ်ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဧပြီ ၃ ရက်တွင် ထိုင်ဝမ်မီးသတ်ဌာနက ပြောကြား ခဲ့သည်။

ယခုမြေငလျင်သည် ၂၅ နှစ်အတွင်း ထိုင်ဝမ်၌ လှုပ်သွားသည့် အပြင်းထန်ဆုံး ငလျင်ဖြစ်သည်ဟု တိုင်ပေ မြေငလျင်ဌာန၏ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

“မြေငလျင်ဟာ ကုန်းမြေနဲ့နီးကပ်ပါ တယ်။ တိမ်တဲ့ငလျင်ဖြစ်ပါတယ်။ ထိုင်ဝမ် တစ်ခုလုံးနဲ့ကမ်းလွန်ကျွန်းတွေမှာ သိလိုက်ရ တဲ့ငလျင်ဖြစ်ပါတယ်” ဟု ဝူရှန်ဖုက သတင်းထောက်များကို ပြောကြားခဲ့သည်။

၁၉၉၉ ခုနှစ်တွင် မဂ္ဂနီကျု ၇ ဒသမ ၆ ရှိသော မြေငလျင်လှုပ်ခဲ့ခြင်းကြောင့် လူ ၂,၄၀၀ သေဆုံးသွားခဲ့ပြီး အဆောက်အအုံ ၅၀,၀၀၀ ကျော်ပျက်စီးသွားခဲ့သည်။

ဧပြီ ၃ ရက် မြေငလျင်က အဆောက် အအုံများကို အောက်ခြေမှ တုန်လှုပ်စေခဲ့ သည်။ မြေငလျင်ဗဟိုချက်အနီး လူနေကျဲပါး သော ဟွာလျှမ်းကောင်တီအရှေ့ပိုင်းက အဆောက်အအုံများသည် ပြိုကျလဲနီးနီး တိမ်းစောင်းသွားသည်ကို ရုပ်မြင်သံကြားဌာန များက ထုတ်လွှင့်သော ရုပ်သံပြကွက်များတွင် မြင်ရသည်။

မြို့တော်တိုင်ပေ၏ အရပ်ဒေသအချို့ ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဖြစ် ပေါ်စေခဲ့သော မြေငလျင်သည် ထိုင်ဝမ် အရှေ့ကမ်းရိုးတန်းအလွန် မြေအနက် ၁၅ ဒသမ ၅ ကီလိုမီတာတွင် လှုပ်သွားခြင်းဖြစ် သည်။ မြေငလျင်သည် ဧပြီ ၃ ရက် ဒေသစံ တော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်တွင် လှုပ် ခဲ့ခြင်းဖြစ်သည်။

သေးငယ်သော ဆူနာမီလှိုင်းများသည် တောင်ပိုင်း အိုကီနာဝါစီရင်စု၏ ဒေသများကို ရောက်လာခဲ့သည်ဟု ဂျပန်မိုးလေဝသဌာန က ပြောကြားခဲ့သည်။ အစောပိုင်းတွင် ထုတ် ပြန်ခဲ့သည့် ဆူနာမီသတိပေးချက်ကို နောက် ပိုင်းတွင် အဆင့်လျှော့ချခဲ့သည်ဟု ဆိုသည်။   ဆူနာမီခြိမ်းခြောက်မှုသည် ယခုအခါ မရှိ တော့ဟု ပစိဖိတ်ဆူနာမီသတိပေးစင်တာက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံကလည်း ဆူနာမီသတိ ပေးချက်ကို ရုပ်သိမ်းခဲ့သည်။ ဘာတာနက်စ်၊ ကာဂါယန်၊ အီလိုကော့စ်နော့၊ အစ္စဘဲလာ ပြည်နယ်တို့တွင်ရှိသော ကမ်းရိုးတန်းဒေသ များအတွက် ပြည်သူများ ရွှေ့ပြောင်းရန်ညွှန် ကြားချက်ကို စောစောပိုင်းတွင် ထုတ်ပြန်ခဲ့ သည်။

နောက်ဆက်တွဲငလျင်များကို တိုင်ပေ၌  ခံစားနေရဆဲဖြစ်သည်ဟု ရိုက်တာသ တင်းဌာနက ဖော်ပြခဲ့သည်။ နောက်ဆက်တွဲ ငလျင် အနည်းဆုံး ၂၅ ကြိမ်လှုပ်ခဲ့သည်ကို မှတ်တမ်းတင်ထားကြောင်း ထိုင်ဝမ် ဗဟိုမိုး လေဝသဌာန၏ထုတ်ပြန်ချက်အရ သိရ သည်။

ကနဦး ငလျင်လှုပ်သွားခဲ့ပြီးနောက် တစ်နာရီအတွင်း ထိုင်ဝမ်၌ မဂ္ဂနီကျု ၅ ဝန်း ကျင်ရှိသော နောက်ဆက်တွဲ မြေငလျင် ငါး ကြိမ်လှုပ်သွားသည်ဟု တရုတ်မြေငလျင် ကွန်ရက်စင်တာက ပြောကြားခဲ့သည်။

တိုင်ပေမြို့တော် အစိုးရအဖွဲ့သည် ထိ ခိုက်ပျက်စီးမှုသတင်းများကို လက်ခံရရှိခြင်း မရှိဟု ဆိုသည်။ ထိုင်ဝမ် အိမ်ထောင်စု ၈၇,၀၀၀ ကျော်သည် ဓာတ်အားပြတ်တောက်နေဆဲဖြစ်သည်ဟု ဓာတ်အားပေးလုပ်ငန်း တိုင်ပါ၀ါက ထုတ်ပြန်ထားသည်။        

Most Read

Most Recent