၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမဆုံးနှစ်လအတွင်းတရုတ်၏ကုန်သွယ်မှုပမာဏ သိသိသာသာမြင့်တက်ခဲ့

၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမဆုံးနှစ်လအတွင်းတရုတ်၏ကုန်သွယ်မှုပမာဏ သိသိသာသာမြင့်တက်ခဲ့
Published 7 March 2024
Ref: AFP

၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမဆုံးနှစ်လအတွင်း တရုတ်၏ပို့ကုန်တတင်ပို့မှုများ သိသိသာသာ အရှိန်အဟုန်ကောင်းလာခဲ့သည်ဟု မတ်လ ၇ ရက်တွင် အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

သို့ဖြစ်ရာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးကို ပြန်အသက်သွင်းရန် အပြင်းအထန် ကြိုးပမ်းနေ သည့် တရုတ်၏ မူဝါဒရေးဆွဲသူများအတွက် အားတက်စရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။

ပြည်ပသို့ ကုန်စည်တင်ပို့မှုများသည် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအ တွက် အဓိက မောင်းနှင်အားတစ်ရပ်အဖြစ် ကာလကြာမြင့်စွာ တည်ရှိခဲ့ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အလုပ်အကိုင် အခွင့်အလမ်းအများအပြားကို ဖန်တီးပေးခဲ့သည်။

ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လပေါင်းတွင် ပို့ကုန်တင် ပို့မှုများသည် ယမန်နှစ်ကာလတူထက် ၇ ဒ သမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု အကောက်ခွန်ဆိုင်ရာ အထွေထွေစီမံခန့်ခွဲရေး ဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းသည် Bloomberg သတင်းဌာနက လေ့လာသုံးသပ်သူများကို စစ်တမ်းကောက်ယူ ခန့်မှန်းခဲ့သည့် ၁ ဒသမ ၉ ရာခိုင်နှုန်းကို အပြတ်အသတ် ကျော်လွန် သွားသည်။

တရုတ်၏ ပို့ကုန်ကဏ္ဍသည် ခြောက်လဆက်တိုက် ကျုံ့ဝင်ခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာလမှစတင်၍ ပြန်လည်တိုး တက်လာခဲ့သည်။ ဇန်နဝါရီမှ ဖေဖော်ဝါရီလ အတွင်း သွင်းကုန်ကဏ္ဍသည်လည်း ၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

 

 

Most Read

Most Recent