ဂါဇာ၌ ရာမာဒန်ဥပုသ်လ စတင်ပြီဖြစ်သော်လည်း အစ္စရေးဝိုင်းထားသော ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့်  ဟားမာ့စ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ဂါဇာ၌ ရာမာဒန်ဥပုသ်လ စတင်ပြီဖြစ်သော်လည်း အစ္စရေးဝိုင်းထားသော ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့်  ဟားမာ့စ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
ဂါဇာသို့ စားနပ်ရိက္ခာများကို  လေယာဉ်ပေါ်မှ ချပေးနေပုံအား မတ် ၁၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဂါဇာသို့ စားနပ်ရိက္ခာများကို  လေယာဉ်ပေါ်မှ ချပေးနေပုံအား မတ် ၁၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 11 March 2024

အစ္စရေးတပ်ဖွဲ့များနှင့် ဟားမာ့စ်စစ်သွေးကြွများ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းက အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်ကို ပြင်းပြင်းထန် ထန်ဒုက္ခပေးလျက်ရှိစဉ် မွတ်စလင်တို့၏ရာ မာဒန်ဥပုသ်လသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိသည့် အနေအထားဖြင့် မတ် ၁၁ ရက်တွင် ဂါဇာကမ်းမြောင်၌ စတင်ခဲ့သည်။

စားနပ်ရိက္ခာအကူအညီများတင် ဆောင်လာသော စပိန်အန်ဂျီအို သင်္ဘောတစ်စင်းသည် ဆိုက်ပရပ်မှ ဂါဇာကမ်းမြောင်ကမ်းရိုးတန်းကို ထွက်ခွာရန် ပြင်ဆင်နေသည်ဟု သိရသည်။ ဂါဇာကမ်းမြောင်သည် အငတ် ဘေးဆိုက်တော့မည်ဟု ကုလသမဂ္ဂက ထပ်တလဲလဲ သတိပေးထားသည်။

အစ္စရေးက လုံးလုံးလျားလျားနီးပါး  ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ကို အောက်တိုဘာကတည်းက အခြေခံလူသား ချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်သော အကူအညီများ ၏ အနည်းငယ်ကိုသာခွင့်ပြုပေးထားသည်ဟု အန်ဂျီအိုအဖွဲ့များက ပြောသည်။

မြေထဲပင်လယ်တစ်လျှောက် ဆိုက်ပရပ်နိုင်ငံမှ မိုင် ၂၃၀(ကီလိုမီတာ ၃၇၀) ခန့်ဝေး သောနေရာရှိ ဂါဇာကမ်းရိုးတန်းပေါ်တွင် မိုဟာမက်ဟာရာယာသည် ရပ်နေပြီး အကူအညီများ ရောက်လာမည်ကို မျှော်လင့်နေသည်။

“ကျွန်တော်က မနက်ကတည်းက စောင့်နေတာပါ။ မနက်ဖြန်ဟာ ရာမာဒန်အစဖြစ်ပါတယ်။ အခြေအနေက တော်တော်ဆိုးနေတာပါ”ဟု ၎င်းက ပြောသည်။

Open Arms အန်ဂျီအိုအဖွဲ့၏ သင်္ဘောသည် စားနပ်ရိက္ခာတန်ချိန် ၂၀၀ တင်ဆောင်လာပြီး ယင်းစားနပ်ရိက္ခာများကို ၎င်း၏မိတ် ဖက်အဖွဲ့ဖြစ်သော အမေရိကန်အန်ဂျီအိုအဖွဲ့ World Central Kitchen က ဂါဇာကမ်းရိုးတန်းတွင် ချပေးမည်ဟု ဆိုသည်။

အဆိုပါ သင်္ဘောသည် နာရီပိုင်းအတွင်း ထွက်ခွာတော့မည်ဟု ဆိုက်ပရပ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကွန်စတန်နီနော့လီ တင်ဘီယိုးတစ်က ဆိုက်ပရပ်သတင်းဌာနကို ပြောကြားခဲ့သည်။

ဂျော်ဒန်၊ အမေရိကန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ အီဂျစ်လေယာဉ်များသည် မတ် ၁၀ ရက်တွင် ဂါဇာ မြောက်ပိုင်းတွင် အကူအညီများကို လေထီးဖြင့်ချပေးခဲ့သည်ဆိုသော်လည်း ထောက်ပံ့ပစ္စည်းများကို ကုန်းလမ်းဖြင့်  ပံ့ပိုးပေးခြင်းသည် ဂါဇာနယ်မြေ၏ ပြည်သူ ၂ ဒသမ ၄ သန်းထံ အကူအညီများရောက်ရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယင်းနယ်မြေအတွက် အလုပ်လုပ်နေသော ကုလသမဂ္ဂထောက်ပံ့ကူညီမှု ညှိနှိုင်းရေးမှူးက ပြောကြားခဲ့သည်။

လေယာဉ်ဖြင့် ချပေးသော အစားအသောက်ထုပ် အချို့သည် မြေပြင်သို့ကျ သည့်အခါ ကွဲထွက်ကုန်သဖြင့် ဂါဇာနယ်ခံများမှာ စားနပ်ရိက္ခာများကို ဖုန်စသည်အညစ်အကြေးများထဲမှာ ကောက်ယူနေကြရသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို တိုက်ခိုက်သောကြောင့် စတင်ခဲ့သော စစ်ပွဲတွင် ပါလက်စတိုင်းသား ၃၁,၀၄၅ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးသူအများစု အမျိုးသမီးများနှင့် ကလေးများဖြစ်သည်ဟု သိရသည်။                        

Ref: AFP

Most Read

Most Recent