ဆူဒန်စစ်ပွဲအတွင်း ပစ်မှတ်ထားခံနေရသော အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ

ဆူဒန်စစ်ပွဲအတွင်း ပစ်မှတ်ထားခံနေရသော အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ
Photo-Reuters
Photo-Reuters
Published 7 April 2024

ဆူဒန်စစ်ပွဲတွင် ဆင်းရဲချို့တဲ့သူများကို အစားအစာဝေငှခြင်းပင်လျှင် အန္တရာယ်ရှိနေသည်။

မတ် ၂၃ ရက်က ဆူဒန်၏အ ရန်တပ်ဖွဲ့ Rapid Support Forces(RSF)သည် စစ်မက်ဖြစ်ပွားနေ သည့် ခါတွန်မြို့တော်၏ အိမ်နီးချင်း ရှာအယ်နိုင်းမှ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ကာ ထိုတက်ကြွ လှုပ်ရှားသူများသည် နေ့စဉ်ထောင်နှင့်ချီသော ဆာလောင်နေသည့်ဒေသခံများကို အစားအစာဝေငှနေသည့် စင်တာကို စီမံဆောင်ရွက်နေသူများဖြစ်သည်။

ခါတွန်မြို့တော်တွင် မကြာသေးမီက ဖမ်းဆီးမှုများသည်နိုင်ငံတွင်း ထိန်းချုပ်ရန်နှင့်အရပ်ဘက် အဖွဲ့အစည်းများကို ဖိနှိပ်ရန် ကြိုးပမ်းနေသော RSF နှင့် ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့(SAF) တို့၏ကျယ် ပြန့်သော မဟာဗျူဟာတစ်ခု၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်ဟု ဒေသခံစေတနာ့ဝန်ထမ်းများနှင့်အကူ အညီပေးရေးအဖွဲ့များက ပြောကြားခဲ့သည်။ RSF နှင့် SAF တို့သည် စေတနာ့ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ အကူအညီရရှိမှုများကို ကန့်သတ်ခြင်းနှင့် ကယ်ဆယ်ရေးကြိုးပမ်း လုပ်ဆောင်မှုများကို နှောင့်နှေးစေခြင်း တို့ လုပ်ဆောင်လေ့ရှိသည်။

“စေတနာ့ဝန်ထမ်းအများအပြားကို ဖမ်းဆီးလိုက်တာဟာ အသက်ရှင်သန်ဖို့အတွက် အစားအစာ ဝေငှတဲ့စင်တာတွေကို မှီခိုနေရတဲ့ ဆင်းရဲချို့တဲ့သူတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်”ဟု ရှာအယ်နိုင်းမှ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့် မူဆပ်မာဂျိုးက အယ်ဂျားဇီးယားသတင်းကို ပြောကြားခဲ့သည်။မတ်လအတွင်း ယင်းဖမ်းဆီးမှုနှင့်ပတ်သက်၍ အကြောင်းပြချက်ကို မသိရသေးပေ။

“ကျွန်တော်တို့ RSF ကိုမေး မြန်းဖို့အတွက် ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ဒါပေမဲ့ သူတို့ကတုံ့ ပြန် ဖြေကြားခြင်းမရှိပါဘူး”ဟုမာဂျိုး က ပြောကြားခဲ့ပြီး RSF သည် လွန်ခဲ့သည့်တစ်လခန့်ကလည်း အစား အစာဝေငှသည့်စင်တာများကို လုပ်ဆောင်နေသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအကြာ တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထိန်းချုပ်ခြင်းမှ အမြတ်ထုတ်နေသည်ဟု ယူဆသော ရန်လိုနေသည့်အုပ်စုများမှ ၎င်းတို့ကို အားပေးကူညီရန်နှင့်ကာ ကွယ်ပေးရန် အနောက်နိုင်ငံမှ အလှူရှင်များကို တောင်းဆိုခဲ့သည်။

အကူအညီလုပ်ငန်းစဉ်များကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နိုင်ရန်အတွက် ၎င်းတို့သည် စေတနာ့ဝန် ထမ်းများကို ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲ ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် ဒေသခံကယ်ဆယ်ရေး လုပ်သားများကိုပင် သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

လက်ရှိတွင် ယင်းအစားအစာ ဝေငှရေးစင်တာများ ပစ်မှတ်ထားခံနေရခြင်းနှင့်အတူ ယင်းချိုးဖောက်မှုများသည် ဆူဒန်တွင် အစားအစာ အကျပ်အတည်းသည် ပိုမိုဆိုးရွားလာသည်။ လူ ၁၈ သန်းသည် ဆာလောင်မှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ခံစားနေရပြီး လူငါးသန်းသည် ငတ်မွတ်မှုကပ်ဘေးကို ကြုံတွေ့နေရသည်။

ပဋိပက္ခ၏ ပထမဆုံးပစ်ခတ်မှုများ စတင်ဖြစ်ပွားလာပြီးနောက် မကြာမီတွင် လူငယ်များသည် ၎င်းတို့ ၏နေအိမ်များတွင် ချက်ပြုတ်ရန် စေတနာ့ဝန်ထမ်းများအဖြစ် စတင်လုပ်ကိုင်ခဲ့သည်ဟု ကိုင်ရိုရှိစေတနာ့ဝန် ထမ်းတစ်ဦးဖြစ်သည့် အဗ္ဗဒယ်ဂတ် ဖာအိုမာက ပြောကြားခဲ့သည်။

ယင်းစိတ်ကူးအကြံဉာဏ်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး နိုင်ငံတစ်ဝန်းတွင် မိမိကိုယ်ပိုင်အားဖြင့် တည်ထောင်သော အဖွဲ့အစည်းအလိုက် အစားအစာလှူဒါန်းရေး စင်တာပေါင်းရာချီ ပေါ်ပေါက်ခဲ့သည်။

စစ်ပွဲဖြစ်ပွားချိန်တွင် ကော်မတီများသည် စစ်ဒဏ်သင့်အရပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှု၊ ဘေးလွတ်ရာရွှေ့ပြောင်းရေးနှင့် အစားအစာအကူအညီပေးရေးတို့အတွက် အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးအခန်းများ(ERRs)ကို ဖန်တီးထူထောင်ခဲ့သည်။

ERRs အများစုသည် ကိုယ်ပိုင် အစားအစာဝေငှရေး စင်တာများကို လုပ်ဆောင်နေကြပြီး အခြားသူများက ညှိနှိုင်းဆောင်ရွက်ရေးနှင့် ရန်ပုံငွေများကို ကူညီပေးလျက်ရှိသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ၎င်းတို့ကို ဆူဒန်၏ လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ဆောင်ရွက်ရေး၏ ရှေ့တန်းအဖြစ် ခေါ်ဆိုခဲ့ကြပြီး ကုလသမဂ္ဂက ERRs သည် ဆူဒန်တစ်ဝန်းတွင်ပြည် သူလေးသန်းကျော်ကို ကူညီပေးနေသည်ဟု ကုလသမဂ္ဂက ဆိုသည်။

Ref:Aljazeera

Most Read

Most Recent