စစ်ပွဲပြီးနောက် ပြည်ပခရီးသွားလာရောက်မှု ပိုမိုများပြားလာသော အာဖဂန်နစ္စတန်

စစ်ပွဲပြီးနောက် ပြည်ပခရီးသွားလာရောက်မှု ပိုမိုများပြားလာသော အာဖဂန်နစ္စတန်
Photo - AFP
Photo - AFP
Published 7 April 2024

အမေရိကန်ခရီးသွားအော်စ ကာဝဲလ်က တာလီဘန်တို့၏ သေးငယ်သော ခရီးသွားကဏ္ဍတွင် ပါဝင်သော ရှုမျှော်ခင်းများကို ကြည့်ရှုခံ စားခဲ့သည်။

“ဒီနေရာက ထူးခြားတဲ့နေရာ တစ်ခုပဲ။ ကျွန်တော့်တော်တော် သဘောကျပါတယ်”ဟု အသက် ၆၅ နှစ်အရွယ် အင်ဒီရားနားပြည်နယ်မှ လယ်သမားတစ်ဦးဖြစ်သူဝဲလ်က ပြောကြားခဲ့ပြီး ရှေးကျသည့်နည်းလမ်းများဖြင့် နေထိုင်နေသောလူများနှင့် အထင်ကရတောင်တန်းကြီးများကို ချီးကျူးပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း မာဇာအီရှာရစ်ဖ်မြို့ရှိ ၁၅ ရာစုနှစ် အပြာရောင် ဗလီသို့ သွားရောက်ခဲ့သူ လူအနည်းငယ်တွင် ဝဲလ်သည် တစ်ဦးအပါအဝင်ဖြစ်သော်လည်း စစ်ပွဲပြီးဆုံးချိန်ကတည်းက အာဖဂန်နစ္စတန်သို့လာ ရောက်သော ခရီးသွားအရေအတွက် မြင့်တက်ခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာဖြစ်ပွားသည့် ပဋိပက္ခကြာင့် ခရီးသွားလာရောက်သူ အလွန်ရှားပါးပြီး  လက်ရှိတွင် အကြမ်းဖက်မှု ဖြစ်စဉ်အများစုမှာ လျော့နည်းလာသော်လည်း  ခရီးသွားများသည် အလွန်အမင်း ဆင်းရဲချို့တဲ့မှု၊ ပျက်စီးယိုယွင်းနေသော ယဉ်ကျေးမှုနေရာ အများအပြားနှင့် မဖြစ်စလောက်ဧည့်သည် များနေထိုင်ရာ အခြေခံအဆောက်အအုံများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

၂၀၂၁ ခုနှစ်က အနောက်အုပ်စု ကျောထောက်နောက်ခံပြု အစိုးရ ပြုတ်ကျခဲ့ပြီးသံရုံးအများစု ပြောင်း ရွှေ့ခဲ့ကြပြီးနောက် ခရီးသွားများသည် ကောင်စစ်ဝန်အထောက်အပံ့မရှိဘဲ တာလီဘန်အာဏာပိုင်များ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် အပန်းဖြေကြရသည်။

ခရီးသွားများအနေဖြင့် ပြည်နယ်တစ်ခုချင်းစီတွင် ရောက်ရှိနေကြောင်းကို တာဝန်ရှိသူများထံ အသိ ပေးမှတ်ပုံတင်ရပြီး တင်းကျပ်သော ဝတ်စုံစည်းမျဉ်းကို လိုက်နာကြရကာ ကလက်ရှ်နီကော့ဗ်သေနတ်များ ကိုင်ဆောင်ထားသော အမျိုးသားများက စစ်ဆေးရေးဂိတ်များတွင် ရှာဖွေစစ်ဆေးမှုကို ကြုံတွေ့ကြရသည်။

အာဖဂန်နစ္စတန်တွင် IS အဖွဲ့၏ တိုက်ခိုက်မှုများသည်လည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ရှိ နေဆဲဖြစ်သည်။

“သင့်ရဲ့မိသားစုဝင်တွေ ပထမဆုံးပြောတဲ့ စကားကတော့ သင်ရူးနေလို့ အဲဒီနေရာကို သွားတာလား ဆိုပြီးဖြစ်ပါတယ်”ဟုအသက် ၅၇ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သည့် ပြင်သစ်ခရီးသွားဒိုင်ဒီယာဂေါဒန့် က ပြောကြားခဲ့ကာ အနောက်နိုင်ငံမှ အစိုးရများသည် အာဖဂန်သို့ ခရီးသွားလာခြင်းကို သတိပေးထားကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ရေများကိုစမ်းသပ်ရန် အဖွဲ့တစ်ဖွဲ့နှင့် ခြောက်ရက်ကြာ အာဖဂန်သို့ ခရီးထွက်လာသော ဘန်ကောက်မြို့မှ ခရီးသွားအေဂျင်စီတစ်ခု၏ ပိုင်ရှင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် နာရူရီချိုင်တန်သည် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“မြို့တွေမှာ လုံခြုံရေးဂိတ်တွေ ရှိပေမယ့်လည်း လုံခြုံတယ်လို့ ခံစားရပါတယ်”ဟု ကဘူးမြို့ရှိ ဗိမာန်တစ်ခုကို သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။

အာဖဂန်သို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားအရေ အတွက်သည် ၂၀၂၃ ခုနှစ်တွင် အခြား နှစ်များထက် ၁၂၀ ရာခိုင်နှုန်းပိုမို မြင့်တက်လာကာ ခရီးသွားအရေအတွက် ၅၂၀၀ နီးပါးရှိခဲ့သည်ဟု တာ ဝန်ရှိသူများက ပြောကြားခဲ့သည်။

တာလီဘန်အစိုးရက အမျိုးသမီးများအပေါ် အလွန်တင်းကျပ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအနေဖြင့် အခြားနိုင်ငံများက ယင်းအစိုးရကို တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသေးသော်လည်း ပြည်ပခရီးသွား များကို လက်ခံကြိုဆိုခဲ့ကြသည်။

“အာဖဂန်နစ္စတန်ရဲ့ရန်သူတွေက နိုင်ငံကို အဆိုးမြင်ကြပါတယ်”ဟု သတင်းအချက်အလက်နှင့်ယဉ် ကျေးမှုဝန်ကြီး ခိုင်ရူလာခါရီရာခါ၀ါ က ဆိုသည်။

“ဒါပေမဲ့ ဒီလူတွေက နိုင်ငံကို လာရောက်ပြီး မျက်မြင်တွေ့သွားမယ်ဆိုရင် တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေကို ကျိန်းသေမြင်တွေ့သွားမှာပါ”ဟု ၎င်းက ဆိုသည်။

သို့သော် ဆီးရီးယားနှင့်ဆိုမာလီယာ ခရီးစဉ်များကိုပါ စီစဉ်ပေးနေသည့် Untamed Borders ခရီးသွားကုမ္ပဏီမှ ခရီးစဉ်တွင် လိုက်ပါလာသော ဝဲလ်နှင့်ဂေါဒန့်ကမူ ၎င်းတို့၏ ခရီးစဉ်သည် အာဖဂန်ပြည်သူများနှင့် ချိိတ်ဆက်နိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့လို ခရီးသွားတွေက စပ်စုကြပြီးဒေသခံတွေကို နည်းနည်းလောက်ဖြစ်ဖြစ် ကူညီပေးဖို့ ကြိုးစားတဲ့အနေနဲ့  သူတို့တွေနဲ့အဆက်အသွယ်လုပ်လိုကြပါတယ်”ဟု ဒုတိယအကြိမ် အာဖဂန်သို့အ လည်အပတ်သွားရောက်သည့် ဂေါဒန့်ကဆိုသည်။၎င်း၏ခရီးစဉ် တစ်စိတ်တစ်ပိုင်းသည် ဒေသခံအဖွဲ့များ ကို လှူဒါန်းမှုများ ပြုလုပ်ရန်ဖြစ်သည်ဟု ဂေါဒန့်က ပြောကြားခဲ့သည်။

Untamed Borders သည် လွန်ခဲ့သည့်နှစ်က အာဖဂန်သို့ခရီးသွား ၁၀၀ ဝန်းကျင်ကိုခေါ်ဆောင် ခဲ့ပြီး အိမ်နီးချင်းပါကစ္စတန်တွင် စတင်သော ကိုးရက်ကြာ အလည်အပတ်ခရီးစဉ်အတွက် ဒေါ်လာ၂၈၅၀ ကုန်ကျမည်ဖြစ်သည်။  Ref:AFP

 

Most Read

Most Recent