လာမည့်နွေရာသီတွင် နာပိုလီအသင်းမှ ခွာရတ်စကယ်လီယာ ထွက်ဖွယ်ရှိကြောင်း အေးဂျင့်ဖြစ်သူ ပြောကြား

လာမည့်နွေရာသီတွင် နာပိုလီအသင်းမှ ခွာရတ်စကယ်လီယာ ထွက်ဖွယ်ရှိကြောင်း အေးဂျင့်ဖြစ်သူ ပြောကြား
Photo: Football-Italia
Photo: Football-Italia
Published 18 May 2024

 

နာပိုလီတောင်ပံကစားသမား ခွာရတ်စကယ်လီယာအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာသည် ၂၀၂၂-၂၃ ရာသီတွင် နာပိုလီအသင်းနှင့်အတူ တောက်ပလာသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် PSG အပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ခွာရတ်စကယ်လီယာ၏အေးဂျင့်ဖြစ်သူ ဂျူဂီလီက "နာပိုလီက ခွာရတ်စကယ်လီယာရဲ့ ဒုတိယအိမ်ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်ကို အလျင်စလိုချမှာ မဟုတ်ပါဘူး။ ခွာရတ်စကယ်လီယာအပေါ် နာပိုလီအသင်းနဲ့ အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်တို့ ရဲ့ စောင့်ရှောက်မှုအပေါ် ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်။ ကလပ်အသင်းနဲ့ ကစားသမားက ကျေနပ်တဲ့ ကမ်းလှမ်းမှု၊ ဥက္ကဋ္ဌ မငြင်းတဲ့ ကမ်းလှမ်းမှုရှိလာရင်တော့ ခွာရတ်စကယ်လီယာရဲ့အနာဂတ်ကို ဆုံးဖြတ်ရမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent