အယ်လ်အစ်တီဟတ်နှင့် ပီအိုလီ ဆွေးနွေးနေ

အယ်လ်အစ်တီဟတ်နှင့် ပီအိုလီ ဆွေးနွေးနေ
Photo: Fabrizio
Photo: Fabrizio
Published 21 June 2024

အေစီမီလန်အသင်း၏ နည်းပြဟောင်း ပီအိုလီသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနှင့် ဆွေးနွေးနေကြောင်း သိရသည်။

အယ်လ်အစ်တီဟတ်အသင်းသည် နည်းပြ ဂယ်လာဒိုကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ပီအိုလီကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့က ပီအိုလီကို တစ်နှစ်လစာ ယူရို(၁၀)သန်း ပေးအပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ပီအိုလီသည် ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်နေသည်။

Most Read

Most Recent