■ အင်္ဂလန်အသင်းနှင့်အတူ ဂျွန်စတုန်းစ် လေ့ကျင့်မှု ပြန်လည်ပြုလုပ်     

■ အင်္ဂလန်အသင်းနှင့်အတူ ဂျွန်စတုန်းစ် လေ့ကျင့်မှု ပြန်လည်ပြုလုပ်     
Photo: Getty Images
Photo: Getty Images
Published 14 June 2024

အင်္ဂလန်အသင်း၏နောက်ခံလူ ဂျွန်စတုန်းစ်သည် ကြာသပတေးနေ့တွင် အသင်းနှင့်အတူ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်သည် နာဖျားခဲ့သည့်အတွက် ဗုဒ္ဓဟူးနေ့တွင် လေ့ကျင့်မှုပျက်ကွက်ခဲ့ပြီး အသင်းဖော်များထံ ကူးစက်ခြင်းမရှိစေရန် ဟိုတယ်ခန်းထဲ၌ တစ်ဦးတည်းနေထိုင်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် အင်္ဂလန်အသင်း၏ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အား လွဲချော်မည်ကို စိုးရိမ်စရာဖြစ်ခဲ့သော်လည်း ကြာသပတေးနေ့တွင် လေ့ကျင့်မှုပြန်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

အင်္ဂလန်အသင်းသည် ဇွန်(၁၆)ရက်တွင် ဆားဘီးယားနှင့် အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကစားသမားအချို့ ကြံ့ခိုင်မှုမပြည့်ဝသည့်ပြဿနာ ရှိနေကြောင်း သိရသည်။

Most Read

Most Recent