■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 6 September 2024

ဘယ်လ်ဂျီယံ - အစ္စရေး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၁:၁၅ နာရီ)

ဘယ်လ်ဂျီယံက ပြင်သစ်၊ အီတလီတို့နဲ့ အပြိုင်အုပ်စုတက်ဖို့ ရုန်းကန်ရမယ့်အသင်းဖြစ်တယ်။ ပြင်သစ်နဲ့ အီတလီတို့ ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ ဘယ်လ်ဂျီယံက ၃ မှတ်ယူထားရမယ့် အခြေအနေလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခြေအနေမလှခဲ့ပေမယ့် ဘယ်လ်ဂျီယံက ထိပ်တန်းကစားသမား တွေနဲ့အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲလည်း ဖြစ်တယ်။ အစ္စရေးကတော့ ဒီအဆင့်တွေမှာ ခြေစွမ်းကွာပါတယ်။ ဘယ်လ်ဂျီယံပဲ နိုင်မယ်။ 



ပြင်သစ် - အီတလီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၁:၁၅ နာရီ)

ပြင်သစ်နဲ့ အီတလီ ပါနေတဲ့ အုပ်စုက ဘယ်လ်ဂျီယံ၊ အစ္စရေးတို့နဲ့အတူ ကျရောက်နေပြီး Nations League A အုပ်စု ၄ စုထဲမှာအကျပ်ဆုံး အုပ်စုလို့တော့ ပြောရမယ်။ ပြီးတော့ ဒီနှစ်သင်းက ဒီအုပ်စုမှာ အားအကောင်းဆုံးအသင်းနှစ်သင်းလည်း ဖြစ်တယ်။ အုပ်စုထဲမှာ အသင်းနှစ်သင်းက မတ်လ ၂၀၂၅ မှာ ကစားမယ့် ကွာတားဖိုင်နယ် နှစ်ကျော့ပွဲစဉ်တွေကို သွားရမှာ ဖြစ်လို့ အခွင့်အရေးကိုယ်စီလည်း ရှိကြတယ်။ သမိုင်းထဲက ပြိုင်ဘက်အသင်းတွေဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ပြင်သစ်ရဲ့ လူအင်အားနဲ့စုဖွဲ့မှုက အီတလီအသင်းထက် အများကြီး သာနေပါတယ်။ ကစားရမှာကလည်း ပြင်သစ်မြေမှာ ဖြစ်လို့ ပြင်သစ်ပဲ အနိုင်ရသွားမယ်။ 



ဝေးလ်စ် - တူရကီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၁:၁၅ နာရီ)

ဝေးလ်စ်က နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပြန်ကျသွားပြီး တူရကီကတော့ ပိုကောင်းလာတဲ့အသင်းပါ။ အဝေးကွင်းဆိုပေမယ့် တူရကီ သရေတော့ ကစားနိုင်တယ်။ 

■ အခြားပွဲစဉ်များ 

ကာဇက်စတန် - နော်ဝေ* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၆ ရက် ည ၈:၃၀ နာရီ)

လစ်သူယေးနီးယား - ဆိုက်ပရပ်စ်* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၆ ရက် ည ၁၀:၃၀ နာရီ)

ကိုဆိုဗို - ရိုမေးနီးယား* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၁:၁၅ နာရီ)

*ဆလိုဗေးနီးယား - သြစတြီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၁:၁၅ နာရီ)

အိုက်စလန် - မွန်တီနီဂရိုး* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၁:၁၅ နာရီ)

Most Read

Most Recent