■ အိုဆင်မန်နှင့် ခွာရတ်စကယ်လီယာကို PSG အသင်း ကမ်းလှမ်း

■ အိုဆင်မန်နှင့် ခွာရတ်စကယ်လီယာကို PSG အသင်း ကမ်းလှမ်း
Photo: Getty Images
Photo: Getty Images
Published 12 July 2024

PSG အသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်နှင့် ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာတို့နှစ်ဦးကို ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။ 

နာပိုလီအသင်းသည် ယခုနွေရာသီတွင် အိုဆင်မန်ကို ရောင်းထုတ်ရန် ဆန္ဒရှိနေသော်လည်း ခွာရတ်စကယ်လီယာကို ဆက်လက်ထိန်းသိမ်းထားလိုသည့်အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ဘာပေကို ဆုံးရှုံးခဲ့ရပြီး နောက် ထိပ်တန်းကစားသမားများ အားဖြည့်ရန် စီစဉ်နေရာ ဘာစီလိုနာကြယ်ပွင့် ယမားလ်ကိုလည်း  ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent