အီတလီအသင်း မြန်နှုန်းမြှင့်ရန်လိုဟု ကာပယ်လိုသုံးသပ်

အီတလီအသင်း မြန်နှုန်းမြှင့်ရန်လိုဟု ကာပယ်လိုသုံးသပ်
Photo: Rio Ferdinand
Photo: Rio Ferdinand
Published 27 June 2024

နာမည်ကျော်နည်းပြဟောင်း ကာပယ်လိုက အီတလီအသင်းအနေဖြင့် ဆွစ်ဇာလန်နှင့်ကစားမည့်ပွဲတွင် မြန်နှုန်းမြှင့်ရန်လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အုပ်စု(B)တွင် ဒုတိယရခဲ့သည့် အီတလီအသင်းသည် အုပ်စု(A)တွင် ဒုတိယရခဲ့သည့် ဆွစ်ဇာလန်အသင်းနှင့် ရှုံးထွက် (၁၆)သင်းအဆင့်တွင် တွေ့ဆုံနေပြီး ဇွန် (၂၉) ရက်တွင် ကစားမည်ဖြစ်သည်။

အဆိုပါပွဲစဉ်နှင့်ပတ်သက်ပြီး ကာပယ်လိုက ''ဆွစ်ဇာလန်နဲ့ ကစားမယ့်ပွဲမှာ အီတလီအသင်းအနေနဲ့ မြန်နှုန်းကို မြှင့်တင်ကစားဖို့ လိုပါလိမ့်မယ်။ အခုအချိန် ကစားခဲ့တဲ့ပွဲတွေကို ကြည့်မယ်ဆိုရင် အီတလီအသင်း တအားနှေးနေသလိုပါပဲ။ ဒါက စီးရီးအေနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ စီးရီးအေပွဲစဉ်မှာ မလိုအပ်တဲ့ အလျားလိုက်ပေးပို့မှုတွေ လုပ်လေ့ရှိပြီး ဒါက ပွဲကို နှေးသွားစေသလို နေရာလွတ်တွေကိုလည်း နည်းသွားစေပါတယ်။ ဆွစ်ဇာလန်က ကြံ့ခိုင်မှုကို အားပြုပြီး ဒါကိုယှဉ်နိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent