ဂိုးများ ဆက်လက်သွင်းယူနိုင်ရန်အတွက် ဝေဖန်မှုများကို ပိုမိုလိုအပ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဟာလန်း ပြောကြား

ဂိုးများ ဆက်လက်သွင်းယူနိုင်ရန်အတွက် ဝေဖန်မှုများကို ပိုမိုလိုအပ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဟာလန်း ပြောကြား
Photo: X
Photo: X
Published 23 May 2024

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂)ရာသီဆက်တိုက် ရရှိခဲ့သည့် မန်စီးတီးတိုက်စစ်မှူး ဟာလန်းက မိမိအနေဖြင့် ဂိုးများဆက်လက်သွင်းယူနိုင်ရန်အတွက် ဝေဖန်မှုများကို ပိုမိုလိုအပ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ် နော်ဝေတိုက်စစ်မှူး ဟာလန်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ရာသီက ပရီးမီးယားလိဂ် (၃၅) ပွဲတွင် (၃၆)ဂိုးအထိ စံချိန်တင်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရရှိခဲ့သလို၊ ယခု ၂၀၂၃-၂၄ရာသီတွင်လည်း ပရီးမီးယားလိဂ် (၃၁) ပွဲတွင် (၂၇)ဂိုးသွင်းကာ ရွှေဖိနပ်ဆုကို (၂) ရာသီဆက် ရယူနိုင်ခဲ့သည်။

သို့သော် ဟာလန်းအနေဖြင့် အချို့ပွဲစဉ်များတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ရွိုင်ကင်းက ဟာလန်း၏ကစားပုံမှာ လိဂ်-၂ ကစားသမားအဆင့်သာ ရှိသည်ဟု ဝေဖန်ခဲ့သည်။

ဟာလန်းက ''တကယ်လို့ အခုရာသီက ကျွန်တော့်အတွက် ဆိုးရွားတဲ့ ရာသီလို့ ပြောကြမယ်ဆိုရင် ကျွန်တော် လက်ခံပါ့မယ်။ ဒီရာသီမှာ ဆိုးခဲ့တယ်ဆိုရင် နောက်ရာသီမှာ ကောင်းလာဖို့ပဲ ရှိတာပေါ့။ မုန်းတဲ့သူတွေ များလေလေ၊ ဝေဖန်မှုတွေ များလေလေ ကျွန်တော့်အတွက် ပိုကောင်းလေပါပဲ''ဟု ပြောကြားခဲ့သည်။

ဟာလန်းသည် ယခုရာသီတွင် ဝေဖန်ခံရသော်လည်း ပြိုင်ပွဲစုံ (၄၄) ပွဲတွင် (၃၈) ဂိုးအထိ သွင်းယူပေးထားသည်။ 

Most Read

Most Recent