မိုဒရစ် အလွမ်းပြဇာတ်

မိုဒရစ် အလွမ်းပြဇာတ်
Photo : AFP
Photo : AFP
Published 27 June 2024
AK

၁၉၉၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားဟာ ဘောလုံးလောကကို မှော်ရုံတောထဲ ခေါ် ခဲ့တယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုက ခွဲထွက်လာပြီး ဘောလုံးလောကရဲ့လူမသိသူမသိအသင်းလေးက ကမ္ဘာ့ဖလားမှာ တတိယနေရာအထိ ယူပြခဲ့တယ်။ ခရိုအေးရှားရဲ့အဖြစ်ဟာအိပ်ရာဝင်နတ်သမီးပုံပြင်ထက် ထူးခြားဆန်းကြယ်ခဲ့တယ်။ ဒေဗော်ဆူကာ၊ ဘိုဘန်စသူတို့ဟာ ခရိုအေးရှားရဲ့ပထမဆုံးနိုင်ငံတော်အဆင့်အောင်ပွဲမှာ ထင်ရှားသူရဲကောင်းတွေပဲ။ သူတို့ကနေစလို့ ခရိုအေးရှားဟာ ဘယ်တုန်းကမှ ဂုဏ်သိက္ခာမညိုးရော်ခဲ့ဘူး။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနှစ်ခုမှာ ခရိုအေးရှားရဲ့ ဂုဏ်သိက္ခာဟာ အစွမ်းကုန်လင်းပခဲ့ပါတယ်။

 

Most Read

Most Recent