ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီနဲ့အတူ အမြင့်ပျံဖို့ကြိုးစားမယ့် ဂျော်အိုနယ်ဗီးစ်

ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီနဲ့အတူ အမြင့်ပျံဖို့ကြိုးစားမယ့် ဂျော်အိုနယ်ဗီးစ်
Photo : Getty Images
Photo : Getty Images
Published 17 June 2024
Linn Oo Eain

မကြာခင်မှာကျင်းပတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီက ချန်ပီယံဆုအတွက် စတုတ္ထမြောက် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ စီရော်နယ်လ်ဒို၊ ဂျိုတာ၊ လီယာအို၊ ဂျော်အိုဖေးလစ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဗီတင်ညာ အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီရဲ့ လူစာရင်းကလည်း အားရစရာကောင်းနေပြီး သူတို့အနေနဲ့ ချန်ပီယံဆုအတွက် အဓိကပြင်ဆင်နေတာကိုလည်း တွေ့ရတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းရဲ့ အပြီးသတ် လူစာရင်းမှာ ပါဝင်လာတဲ့ သွေးသစ်ကြယ်ပွင့်ကစားသမားတစ်ယောက်လည်း ရှိပါသေးတယ်။ သူကတော့ ဘင်ဖီကာလူငယ် ကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ်ဖြစ်ပြီး အခုပြိုင်ပွဲအတွက် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့ တစ်ဦးတည်းသော ဆယ်ကျော်သက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Most Read

Most Recent