ထိုင်းနိုင်ငံ ဘန်ကောက်တွင် Online မှ ဈေးရောင်းချသူ မြန်မာလုပ်သား ၁၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်တွင် Online မှ ဈေးရောင်းချသူ မြန်မာလုပ်သား ၁၀ ဦး ဖမ်းဆီးခံရ
Photo.Thai News
Photo.Thai News
Published 7 September 2024

ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ အနီးရှိ နွန်ထဘူရီပြည်နယ်တွင်  အွန်လိုင်းမှတစ်ဆင့် စျေးရောင်းချနေသော မြန်မာနိုင်ငံသား အလုပ်သမား ၁၀ ဦး မှာ စက်တင်ဘာ ၅ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

မြန်မာအလုပ်သမားများသည်အခန်းငှာကာအုပ်စုဖွဲ့နေထိုင်ပြီး Online မှတဆင့် စျေးကြီးသည့်ပစ္စည်းများ လက်ဝယ်ထားရောင်းချနေ ကြောင်းတိုင်တန်းချက်အရ ထိုင်းလဝကရဲများက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၅ဦးနှင့်အမျိုးသမီး ၅ဦးတို့ဖြစ်ပြီး ထိုအထဲတွင် အထောက်အထားမရှိသူများလည်းပါဝင်ကြောင်း။ Online ဈေးရောင်းရာတွင် အသုံးပြုသော I Pad ၊ I Phone များနှင့် ထိုင်းဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာ အလုပ်သမားအများသည် ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်ခွင့်မရှိသည့်အလုပ်၂၇ မျိုး ကို မသိရှိကြဘဲ၊ လုပ်ခွင့်မရှိသည့် အလုပ်တွင် Online စျေးရောင်းချခြင်းလည်းပါဝင်ပြီး လိုင်းကြေးပေးလုပ်ဆောင်ကြေသာ်လည်း ထိုင်းအမျိုးသား အကျိုးစီးပွားကာကွယ်ရေးမူဝါဒအရ တကယ်ဖမ်းလာလျှင် မည်သူမှ အကာကွယ်မပေးနိုင်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA (ဥက္ကဌ)ဦးမိုးကြိုးကပြောသည်။

"အဲလို အွန်လိုင်းစျေးရောင်းချတဲ့ မြန်မာ များများ က ကိုယ်ပိုင်စျေးဆိုင်တည်ခင်းရောင်းချတာ၊ ငွေလွှဲလုပ်တာအပါအဝင် ထိုင်းဥပဒေအရ လုပ်ကိုင်ခွင့်မရှိတဲ့၊ကန့်သတ်ထားတဲ့ အလုပ်အကိုင် ၂၇ မျိုးရှိတယ်ဆိုတာမသိကြတာ။သို့သော် ဥပဒေက မသိဘူးလို့  ခွင့်ပြုထားမှာမဟုတ်ဘူး။ သူတို့လိုင်းကြေးပေးထားတဲ့သူအားလုံးကလည်း ထိုင်းအမျိုးသား အကျိုးစီးပွားကာကွယ်ရေးမူဝါဒအရ တကယ်ဖမ်းလာရင် ဘယ်သူမှ အကာကွယ်မပေးနိုင်ကြဘူး။လိုင်းပေါ်မှာ  လိုင်စင်ရ လုပ်ငန်းလို တရားဝင်တယ် ၊မှန်တယ်လို့ထင်သူတွေ မို့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။"ဟု ဦးမိုးကြိုးကပြောသည်။

ဖမ်းဆီးခံမြန်မာ နိုင်ငံသား အလုပ်သမားများသည် လုပ်ပိုင်ခွင့်မရှိသော အလုပ်များ လုပ်ကိုင်နေမှု၊ တရားမဝင် နေထိုင်မှုများဖြင့်  ဘန်ယိုင်ရဲစခန်းတွင် အမှုဖွင့် ထားပြီး ဥပဒေအရ အရေးယူပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း  ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။

 

Most Read

Most Recent