ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် အခြေခံ ပညာကျောင်း၂၅ ကျောင်းကို ယာယီပိတ်ထား

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် အခြေခံ ပညာကျောင်း၂၅ ကျောင်းကို ယာယီပိတ်ထား
သာပေါင်းမြို့နယ် သရက်ကုန်းကျေးရွာ အခြေခံမူလတန်းကျောင်းတွင် ရေကြီးရေလျှံ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- MOI)
သာပေါင်းမြို့နယ် သရက်ကုန်းကျေးရွာ အခြေခံမူလတန်းကျောင်းတွင် ရေကြီးရေလျှံ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- MOI)
Published 25 July 2024

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာ ကျောင်း ၂၅ ကျောင်းကို ယာယီပိတ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရ သည်။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ်၌ ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝင်းများ အတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂ ရက်မှ စတင်ယာယီပိတ်ထားခဲ့ကြောင်း သိရ သည်။

ငဝန်မြစ်ရေကြီးမြင့်၍ ရေဝင်ရောက်မှု ကြောင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကွင်းပေါက်၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) ခေနန်၊ အခြေခံပညာအထက် တန်းကျောင်း (ခွဲ) ရေလဲကြီး၊ အခြေခံပညာအ လယ်တန်းကျောင်း (ညောင်ကွင်းအလယ်စု)၊ အခြေခံပညာအလယ်တန်းကျောင်း (ကြာ ကန်)၊ အခြေခံပညာအလယ်တန်းကျောင်း (သရက်တော)၊အခြေခံပညာမူလတန်းလွန်ကျောင်း (ဒည်ကုန်း)၊ အခြေခံပညာမူလတန်း လွန်ကျောင်း (သင်္ကန်းပင်ဆိပ်)၊ အခြေခံပညာ မူလတန်းကျောင်း (တင်းကုတ်ကြီး)၊ အခြေခံ ပညာမူလတန်းကျောင်း (လက်ခုပ်ရွာသစ်)၊ အခြေခံပညာမူလတန်းကျောင်း (ရွှေလှေကွင်း)၊ အခြေခံပညာမူလတန်းကျောင်း (အင်းကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သစ်ပုတ် ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (ဘုရားကြီး)၊ အခြေခံပညာမူလတန်းကျောင်း (လိန်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (အငူကြီး)၊ အခြေခံပညာမူလတန်းကျောင်း (မယင်းချောင်)၊ အခြေခံပညာမူလတန်း ကျောင်း (ဂွေးတောက်ကွင်း)၊ အခြေခံပညာ မူလတန်းကျောင်း (ဆိပ်ကြီးပေါက်လွတ်)၊ အခြေခံပညာမူလတန်းကျောင်း (မာလကာ ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) (ကတတ်ရိုး) ကျောင်းတို့ ဇူလိုင် ၂၂ ရက်မှ ၂၆  ရက်အထိ ပိတ်ထားကြောင်း သိရသည်။

ဆက်လက်၍ ဇူလိုင် ၂၃ ရက်တွင် အခြေခံ ပညာမူလတန်းကျောင်း (သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သရက်ကုန်း)၊ အခြေခံပညာ မူလတန်းကျောင်း (သာယာ ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) (သောင်ရွာ) ကျောင်းတို့ ထပ်မံပိတ်ပေးရပြီး စုစုပေါင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂/၂၃ ရက်မှ ဇူလိုင် ၂၆ ရက်အထိ (၅^၄) ရက် ယာယီပိတ်ထားရှိကြောင်း သိရသည်။

အဆိုပါကျောင်းပိတ်ရက်များကို အပတ် စဉ် တနင်္ဂနွေနေ့တိုင်း ပြန်လည်အစားထိုးသင် ကြားသွားမည်ဖြစ်ကာ ငဝန်မြစ်ရေကြီးမြင့် ဝင်ရောက်လာမှုကြောင့် ကျောင်းအဆောက် အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေအထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုမြစ် ရေသည် လာမည့်တစ်ရက်အတွင်း နှစ်လက်မ ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် လည်းကောင်း၊ သာပေါင်းမြို့တွင် စိုးရိမ်ရေ မှတ် ၂၀ ဒသမ ၃၄ ပေအထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း နှစ်လက်မခန့် ကျ ဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်ကြောင်း ဇူလိုင် ၂၄ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်သည်။

 

Most Read

Most Recent