ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း မိုးဆက်လက်ပိုနေမည်

ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း မိုးဆက်လက်ပိုနေမည်
မွန်ပြည်နယ် မော်လမြိုင်မြို့ အနိမ့်ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပေါ်စဉ်
မွန်ပြည်နယ် မော်လမြိုင်မြို့ အနိမ့်ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပေါ်စဉ်
Published 25 July 2024

ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် နှစ်ရက်အတွင်း မိုးဆက် လက်ပိုနေမည်ဖြစ်ကြောင်း ဇူလိုင် ၂၅ ရက် တွင် မိုးလေဝသနှင့် ဇလဗေ ညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ လေ အားကောင်းရာမှ အားအလွန်ကောင်း နေခြင်းကြောင့် ဇူလိုင် ၂၆ ရက်နံနက်ပိုင်း အထိ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း နှင့် ကယားပြည်နယ်တို့တွင် နေရာကွက် ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ပြည့်ဖြစ်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေဖြင့် ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုး တိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်ရှိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေ ပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျ စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၁ ပေမှ ၁၄ ပေခန့် ရှိနိုင်ကြောင်း၊ မုတ္တမကွေ့၊  မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့် မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ကိုးပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း ပဲခူးတိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း သိရ သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ် ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့် အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ မကွေးတိုင်း ဒေသကြီးတွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက် ၍ မိုးကြီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များအနေ ဖြင့် ကျိုက်မရောမြို့၌ ၁၁ ဒသမ ၁၀ လက်မ၊ ကြာအင်းဆိပ်ကြီးမြို့၌ ၁၀ ဒသမ ၀၆ လက်မ၊ မုဒုံမြို့တွင် ၉ ဒသမ ၃၇ လက်မ၊ ရွှေကျင်မြို့ ၌ ၈ ဒသမ ၁၅ လက်မ၊ မဒေါက်မြို့နှင့် ချောင်း ဆုံမြို့တွင် ၈ ဒသမ ၀၇ လက်မစီ၊ ကျိုက္ခမီ မြို့တွင် ၇ ဒသမ ၆၀ လက်မ၊ ပေါင်မြို့တွင် ၆ ဒသမ ၉၇ လက်မ၊ မော်လမြိုင်မြို့တွင် ၆ ဒသမ ၄၆ လက်မ၊ လှိုင်းဘွဲမြို့နှင့် ရှမ်းရွာသစ် မြို့တို့တွင် ၆ ဒသမ ၃၀ လက်မစီနှင့် ကျောက် ဖြူမြို့တွင် ၅ ဒသမ ၉၈ လက်မတို့ဖြစ်ကြ ကြောင်း သိရသည်။

Most Read

Most Recent