“မောင်လေးစုပ်” တေးသီချင်းဒါရိုက်တာ ရွှေလက်အောင်မင်းနှင့်  လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများမေး၍ လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့်ခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို ဆက်သွယ်ရေးပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ထား

“မောင်လေးစုပ်” တေးသီချင်းဒါရိုက်တာ ရွှေလက်အောင်မင်းနှင့်  လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများမေး၍ လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့်ခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို ဆက်သွယ်ရေးပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ထား
Published 25 July 2024

မောင်လေးစုပ် တေးသီချင်းဒါရိုက်တာ ရွှေလက်အောင်မင်းနှင့် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများမေး၍ လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့်ခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို ဆက်သွယ်ရေးပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ထား ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိသော်လည်း အချိုသော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွနားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော ရိုက်ကူးထုတ်လွှင့်ပြသမှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိကြောင်း ထုတ်ပြန်ချင်တွင် ဖော်ပြထားသည်။

ထိုသို့တွေ့ရှိရသဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ရှိခဲ့သည်။

ယခုအခါ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် “မောင်လေးစုပ် တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို၊ ဗဟန်းမြိုမရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုပြင် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)ဖြင့် ရန်ကုန်မြို၊ မရမ်းကုန်း မြိုမရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့်လှစ်ထားကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent