ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး အမျိုးသမီးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး အမျိုးသမီးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
Published 11 June 2024

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး အမျိုးသမီးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

ဇွန် ၈ ရက် မွန်းတည့် ၁၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ သတိပဋ္ဌာန်ရပ်ကွက်နေ ဦးမြင့်လှိုင် (၄၉ နှစ်) သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ဒေါ်စိုးမိုးဌေး (၅၂ နှစ်) အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဦးမြင့်လှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိ ရသည်။

Most Read

Most Recent