ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် တရားမဝင်မြန်မာလုပ်သား ၁၆ ဦး ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရကြောင်း သိရ

ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် တရားမဝင်မြန်မာလုပ်သား ၁၆ ဦး ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရကြောင်း သိရ
Published 7 May 2024
Photo.Thai News

ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်းသွားရောကြမည့် မြန်မာလုပ်သား ၁၆ ဦးတို့သည် ကန်ချနဘူရီခရိုင်တွင် မေ ၅ ရက် နံနက်ပိုင်းက ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် ထောဖာဖူမြို့ ရဲစခန်းအပိုင်တွင် တရားမဝင် ဝင်ရောက်လာသူများရှိကြောင်း သတင်းအရ တာဝန်ရှိသူများ စောင့်ဆိုင်းနေစဉ် ထာ့ခနွန်ကျေးရွာ အုပ်စု (၁) တွင် ရေလမ်းမှတဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၆ ဦးနှင့် လှေမောင်းသူ တစ်ဦးတို့ကို ဒေသအာဏာပိုင်များက စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

ဖမ်းဆီးခံမြန်မာလုပ်သားများအား တာဝန်ရှိသူများကစစ်ဆေးရာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ကြမည့်သူများဖြစ်သည်ဟု ဆိုသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး မလေးရှားနိုင်ငံထိ သွားရောက်ကြမည် အဆိုပါမြန်မာနိုင်ငံသားများအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် ထောဖာဖူရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

Most Read

Most Recent