ဆာဆူအိုလို - ကာဂလီယာရီ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်းကိုကြည့် ရင်လည်း ကွာဟချက်သိပ်မရှိတာကို တွေ့ရတယ်။ ဒါပေမဲ့ ကာ ဂလီယာရီက အဝေးကွင်းဆိုရင် သိသိသာသာ ကျဆင်းသွား တတ်တယ်။ ဆာဆူအိုလို အနိုင်ကစားလိမ့်မယ်။
မွန်ဇာ - ဖရိုဆီနိုနီ (တနင်္ဂနွေည ရး၃၀ နာရီ)
မွန်ဇာက စီးရီးအေနောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံး နေပြီး သူတို့ဆီမှာ သာမန်ထက်မပိုတဲ့ ကစားပုံကိုပဲ တွေ့ရ တယ်။ တန်းမဆင်းရဖို့ အစွမ်းကုန်ရုန်းကန်လာမယ့် ဖရိုဆီနိုနီ ကို ကြိုက်တယ်။
အူဒီးနီးစ် - အမ်ပိုလီ (တနင်္ဂနွေည ရး၃၀ နာရီ)
အူဒီးနီးစ်က အမ်ပိုလီနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ပိုင်းပွဲ တွေမှာ သိသိသာသာရလဒ်ကောင်းလာတယ်။ အမ်ပိုလီက တော့ စီးရီးအေအဝေးကွင်းနောက်ဆုံး(၅)ပွဲဆက် သွင်းဂိုးမဲ့ ရှုံးပွဲ ဆက်ခဲ့တယ်။ အူဒီးနီးစ်ဘက်က ရပ်တည်သင့်တယ်။
အင်တာမီလန် - လာဇီယို (တနင်္ဂနွေည ၁၀း၃၀ နာရီ)
အင်တာမီလန်က ဆာဆူအိုလိုကို ရှုံးခဲ့ပေမဲ့ ဖရိုဆီနိုနီနဲ့ ပွဲမှာ ဂိုးပြတ်ပေါက်ကွဲပြခဲ့တယ်။ လော်တာရိုမာတီနက်ဇ်၊ မား ကပ်စ်သူရမ်၊ အာနော်တိုဗစ်တို့လို တိုက်စစ်ကစားသမားတွေ ဂိုးပေါက်တွေ့ခဲ့ကြတာကလည်း အားရစရာပါပဲ။ လာဇီယိုက လည်း ပုံစံကောင်းပြနေပြီး ဥရောပဝင်ခွင့်အတွက်လည်း သေ ချာသလောက်ရှိပါပြီ။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ လာဇီ ယိုရဲ့ ခံစစ်ကစားပုံ တည်ငြိမ်လာတာကို တွေ့ရတယ်။ ဒါပေမဲ့ မီလန်မြေမှာတော့ လာဇီယို ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ အင်တာမီလန်ပဲ နိုင်လိမ့်မယ်။
ရိုးမား - ဂျီနိုအာ (တနင်္လာနံနက် ၁း၁၅ နာရီ)
ဒီရော့ဆီရဲ့ ရိုးမားက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှိသေးပေမဲ့ အတော့်ကို ခက်ခဲသွားပြီ။ နောက်ဆုံးပွဲမှာ အဓိက ပြိုင်ဘက် အတ္တလန်တာကို ရှုံးနိမ့်ခဲ့တာကလည်း ရိုးမားအတွက် စိတ်ပျက်စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ ရိုးမားအသင်း အိမ် ကွင်းမှာ နိုင်ပွဲပြန်ရှာလိမ့်မယ်။















