ပျံလွန်တော်မူခဲ့သည့် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားကို မေ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်ကြာ ပြုလုပ်မည်

ပျံလွန်တော်မူခဲ့သည့် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားကို မေ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်ကြာ ပြုလုပ်မည်
ေဥယျဓမ်တောရတွင် ယာယီထားရှိသည့် မဟာဗောဓိမြိုင်ဆရာတော်ကြီး ဝနဝါသီေဥယျဓမ္မသာမိထေရ်၏ ရုပ်ကလာပ်တော်အား တွေ့ရစဉ်
ေဥယျဓမ်တောရတွင် ယာယီထားရှိသည့် မဟာဗောဓိမြိုင်ဆရာတော်ကြီး ဝနဝါသီေဥယျဓမ္မသာမိထေရ်၏ ရုပ်ကလာပ်တော်အား တွေ့ရစဉ်
Published 4 May 2024

ပျံလွန်တော်မူခဲ့သည့် မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနား ကို မေ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်ကြာပြုလုပ် မည်ဖြစ်ကြောင်း ဆရာတော်ကြီး၏ ဒါယိကာ အချို့ထံမှ သိရသည်။

“၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်ကြာပြုလုပ် မှာပါ။ အရင်အစီအစဉ်အတိုင်းပဲ ပြုလုပ်မှာ ပါ” ဟု ဆရာတော်ကြီး၏ ဒါယိကာတစ်ဦးက ပြောကြားသည်။

ဆရာတော်ကြီး၏ အန္တိမစျာပန အခမ်း အနားကို ကန့်ဘလူမြို့နယ် မလည်တိုက်နယ်၊ ေဥယျဓမ်တောရတွင်ပင် ပြုလုပ်သွားမည် ဖြစ်သည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ရုပ် ကလာပ်တော်အား မီးပူဇော်ခြင်းမပြုဘဲ အ များပြည်သူဖူးမြော်နိုင်ရန် စံကျောင်းဖြင့် ထိန်း သိမ်းထားမည်ဖြစ်သည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ကန့်ဘလူမြို့နယ် မလည်တိုက်နယ်၊ ေဥယျ ဓမ်တောရတွင် သီတင်းသုံးတော်မူနေစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူ ချိန်တွင် သက်တော် ၈၃ နှစ်ရှိပြီဖြစ်သည်။

မဟာဗောဓိမြိုင် ဆရာတော်လောင်း လျာကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်း ကုန်းရွာနေ ဦးဘစံ-ဒေါ်မေတို့မှ ၁၃၀၃ ခုနှစ် ၀ါဆိုလပြည့်ကျော် ၁ ရက် အင်္ဂါနေ့တွင် ဖွားမြင်ပြီး ငယ်နာမည် မောင်ငြိမ်းမောင်ဖြစ် သည်။

ဆရာတော်လောင်းလျာသည် ၁၃၁၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ စနေနေ့ တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်း ကုန်းတောရဆရာတော် ဘဒ္ဒန္တသုနန္ဒထံတွင် ရှင်သာမဏေပြုခဲ့ပြီး ဘွဲ့အမည် ရှင်ေဥယျဟု ကိုယ်တိုင်ခံယူခဲ့ကြောင်း သိရသည်။

၁၃၂၃ ခုနှစ်၊ ၀ါဆိုလဆန်းတွင် မင်း ကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်-ရွှေဖောင်တော် ဦးကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သို့ ရောက်ရှိတော်မူပြီး ရဟန်း ဒကာ ဦးဘသန်း+ဒေါ်စောဉာဏ်တို့ဖြစ် ကြောင်း သိရသည်။

၁၃၁၉ ခုနှစ်တွင် ရွှေဘို-ဝေဠုဝန်ပါဠိ တက္ကသိုလ်မှ အစိုးရ ပထမငယ်တန်း အောင် မြင်ခဲ့ပြီး ၁၃၂၁ တွင် မော်လမြိုင် စိန်မမပါဠိ တက္ကသိုလ်သို့ ပညာသင်ကြားရန် ရောက်ရှိခဲ့ ပြီး အစိုးရပထမလတ်တန်းအောင်မြင်ကာ ၁၃၂၅ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့ သာသနရံသီပါဠိတက္ကသိုလ်သို့ ရောက်ရှိပြီး အစိုးရ ပထမကြီးတန်းကို အောင်မြင်ခဲ့သည်။

ထို့နောက် ၁၃၂၇ ခုနှစ်တွင် စာသင်တိုက်၌နေရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲကာ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်ခဲ့ကြောင်း သိရသည်။

၁၃၂၉ ခုနှစ်တွင် တစ်ရွာတည်းနေ ဒေါ် စိန်မေနှင့် အိမ်ထောင်ကျပြီး လူဘဝတွင် ရန် ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၌ နေထိုင်ကာ စျေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊ မဲနယ်ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့ကာ ရပ် ကွက်အတွင်း လူမှုရေးများနှင့် (ရ.လ.က အ ဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး၊ ပါတီကိုယ်စားလှယ်၊ တရားရေးကော်မတီ ဥက္ကဋ္ဌ၊ အုပ်စုခေါင်းဆောင်၊ အရံပါတီဝင် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ၁၃၃၇ ခုနှစ်မှစ၍ ပုတီး စိတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များ သို့လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင် ခြင်း၊ မွမ်းမံခြင်းနှင့် တရားစခန်းဝင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

၁၃၄၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်တွင် ဘောက်ထော်၊ သီရိရတနာလမ်း၊ သာသနာ့ဗိမာန်ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ်တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်ကာ ၁၃၄၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄) ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံးတော်မူခဲ့ကြောင်း သိရသည်။

၁၃၅၃-၅၄-၅၅ ခုနှစ်တို့တွင် ပျဉ်းမနား (ယခု နေပြည်တော်) ရှိ လက်လုပ်တောင် တောရတွင် သီတင်းသုံးစဉ်ကာလအတွင်း လက်လုပ်တောင်ဆရာတော် စျာန်ပျံသည် ဟူသော ကောလာဟလကြောင့် ဆရာတော် ၏အကြောင်းမှာ စတင်လူသိများခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံ တောင်တွင် လားဟူ ၂၂ ရွာ၊ လီရှောလေးရွာ တို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူ ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ခဲ့ပြီး ၎င်းင်းတိုင်းရင်းသားများကို ဒေသန္တရ ဗဟု သုတတိုးပွားရန် ရည်သန်၍ ၁၃၅၈ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်တွင် သာစည်၊ ပျဉ်း မနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ပို့ ဆောင်ပေးကာ ထိုသို့သော အကြောင်းများ ကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဟူ၍ နိုင်ငံအနှံ့ လူသိများထင်ရှားခဲ့သည်။

ထို့နောက် ဆရာတော်ကြီးသည် ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရကို စတင်တည် ထောင်ခဲ့ပြီး သီတင်းသုံးရာ နေရာများကို ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။

ဆရာတော်ကြီးသည် ဤမနေသုံးချက် တစ်ချက်ချက်တို့ကြောင့် ရွှေ့ပြောင်းသီတင်း သုံးခဲ့ရသော နေရာပေါင်း သုံးဆယ်ဝန်းကျင် ရှိပြီး ဆရာတော်ကြီး၏ ဤမနေသုံးချက်မှာ မည်သည့်နေရာရောက်ရောက် ဌာနေသံဃာ များ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေ ရာ၌ ငါမနေ၊ မည်သည့်နေရာရောက်ရောက် လူရှုပ်၊ လာဘ်ပေါ၊ ကျော်စော၊ ခြွေရံ ဤလေး တန် အခံရှိနေက ငါမနေ၊ မည်သည့်နေရာ ရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုး ရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေတို့ဖြစ်သည်။

Most Read

Most Recent