ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်၊ ပြည်နှင့် မကွေးမြို့တို့ ပါဝင်ပြီး အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထက် ရှိနေ

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်၊ ပြည်နှင့် မကွေးမြို့တို့ ပါဝင်ပြီး အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထက် ရှိနေ
Published 11 April 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာ နိုင်ငံမှ ချောက်၊ ပြည်နှင့် မကွေးမြို့များ ပါဝင် ပြီး အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထက်တွင် ရှိနေကြောင်း မိုးလေဝသသတင်းများဖော်ပြ လျက်ရှိသည့် Eldorado weather တွင် ဖော် ပြထားသည်။

ဧပြီ ၁၁ ရက်တွင် ဖော်ပြထားသည့် ကမ္ဘာ့အပူဆုံးမြို့များတွင် ထိပ်ဆုံးမှရပ်တည် နေသည့်မြို့မှာ အိုမန်နိုင်ငံမှ Joba မြို့ဖြစ်ပြီး မကွေးတိုင်းဒေသကြီးချောက်မြို့မှာ အပူဆုံး မြို့အဖြစ် နံပါတ် ၂ နေရာတွင် ရောက်ရှိနေ သည်ကို တွေ့ရသည်။

ချောက်မြို့၏ အပူချိန်မှာ ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်တွင်ရှိနေပြီး အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်း မကွေးမြို့နှင့် ပဲခူးတိုင်းမှ ပြည်မြို့တို့လည်း ပါဝင်နေသည်။

မကွေးမြို့မှာ ၄၃ ဒသမ ၉ ဒီဂရီစင်တီဂ ရိတ်နှင့် နံပါတ် ၆ နေရာတွင်ရှိနေပြီး ပြည်မြို့ မှာ ၄၂ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် ၁၅ နေရာတွင်ရှိနေသည်ကို တွေ့ရသည်။

ချောက်မြို့မှာ ယခင်ရက်ပိုင်းကတည်း က အပူဆုံးမြို့အဖြစ် ရပ်တည်ခဲ့ပြီး နံပါတ် ၂ နေရာသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွန် ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မကွေး တိုင်းဒေသကြီး ချောက်မြို့သည်  ဧပြီ ၆ ရက် တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူချိန်စံချိန် သစ်တင်ခဲ့သည်ဟု သိရသည်။

နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန် စံချိန်ဟောင်း ၄၇ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ အလားတူ ညောင်ဦးမြို့၌ စ ခန်းဖွင့် သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၉ နှစ်အတွင်းအ မြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၅ ဒီဂရီ ဆဲလ် စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန် ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

အလားတူ ဟဲဟိုးမြို့၌ စခန်းဖွင့်သည့်နှစ် မှစ၍ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ လွိုင်လင်မြို့၌ စခန်းဖွင့်သည့်နှစ်မှ စ၍ နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်ကာမြန်မာနိုင်ငံ ရှိ မြို့များတွင် အပူချိန်များမြင့်တက်မှုကြောင့် လူသေဆုံးမှုများလည်း ရှိလာခဲ့သည်။

မန္တလေး၊ ပြည်၊ ရန်ကုန်မြို့တို့တွင် အပူ ရှိန်ကြောင့် သတိလစ်၊ အသက်ရှူကျပ်၊ မူးလဲ မှုများဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများ၏ ပြောကြား ချက် များအရ သိရသည်။

မန္တလေးစျေးချိုတွင် အမျိုးသမီးတစ်ဦး စျေးဝယ်နေစဉ် မူးလဲသွားသဖြင့် ဆေးရုံသို့ပို့ ဆောင်စဉ် သေဆုံးခဲ့ကြောင်း မဏီစလ လူမှု ကူညီရေးအသင်းမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ဧပြီ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ စျေးချိုစျေး ၂၈ -၂၉_၈၅-၈၆ လမ်းတွင် စျေးဝယ်နေစဉ် မူးလဲသွားသောကြောင့် အနီးရှိ ပြည်သူတစ်ဦး က အကူ အညီတောင်းခံခဲ့သဖြင့် မဏီစလ လူမှုကူညီ‌ ရေးအသင်းက သွားရောက်ကူညီ ခဲ့သည်။

မူးလဲခဲ့သည့်အမျိုးသမီးသည် မန္တလေး ပြည်သူ့ဆေးရုံကြီး ဥဏီ သို့ ရောက်ရှိချိန်တွင် ဆုံးပါးသွားသဖြင့် ၎င်းင်းအမျိုးသမီးကို ရင်ခွဲရုံ သို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် လည်း အပူရှိန်ကြောင့် အသက်ရှူကျပ်လူနာ များ၊ အပူလျှပ်လူနာ၊ သတိလစ်လူနာများ ပြားလာသည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့ ပရဟိတ (ပြည်) မှ သိရသည်။

“အခုရက်ပိုင်းမှာပဲ သိသိသာသာများ လာတယ်။ အများစုက အပူကြောင့် အသက် ရှူကျပ်တာတွေ၊ သတိလစ်တာတွေများ လာ တယ်။ အဓိက သက်ကြီးရွယ်အိုတွေပိုခံရ တယ်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ ပရဟိတ (ပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီ ၈ ရက် ညနေ ၃ နာရီခွဲ ခန့်က ပြည် မြို့ အောင်ဆန်း ရွှေလိပ်ပြာလမ်း အကွေ့တွင် အ မျိုးသားတစ်ဦး ကားမောင်းရင်း သွေးတိုး၍ သတိလစ်သွားသဖြင့် အဆိုပါအသင်းက သွားရောက်ကူညီခဲ့ရသည်။

ရန်ကုန်မြို့တွင်လည်း ဧပြီ ၃ ရက်နှင့် ၄ ရက်က နေပူရှိန်ကြောင့် အမျိုးသားများ လဲကျသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent