တောင်ကြီးမြို့တွင် သင်္ကြန်ကာလ တရားစခန်း ၊ တရားရိပ်သာ ဝင်ရောက်သူ များပြား

တောင်ကြီးမြို့တွင် သင်္ကြန်ကာလ တရားစခန်း ၊ တရားရိပ်သာ ဝင်ရောက်သူ များပြား
Published 13 April 2024

ရှမ်းပြည်နယ်မြို့တော် ၊ တောင်ကြီးမြို့ တွင် သင်္ကြန်ကာလ အတွင်း တရားစခန်း ၊ တရားရိပ်သာ ဝင်ရောက်အားထုတ်သူ များပြားခဲ့ကြောင်း တရားစခန်း၊ ရိပ်သာများထံမှ သိရသည်။

တောင်ကြီးမြို့ ၊ မဟာစည် သာသနာ့ရိပ်သာတွင် တရားစခန်း ဝင်ရောက်သူ ဦးရေပေါင်း (၁၃၀) ဦး ခန့် ရှိပြီး ထပ်မံ ဝင်ရောက်လာသူများလည်း ရှိနေကြောင်း တရားစခန်း အကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။

တောင်ကြီးမြို့၊ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ အတွင်း တရားစခန်း ဝင်ရောက်သူ များပြားကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် သင်္ကြန်ကာလ အတွင်း တရားစခန်း ဝင်ရောက်သူ ပေါင်း (၄၀၀) ကျော် ရှိကြောင်း သိရသည်။ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ တွင် ဆွမ်းစားကျောင်း ဆောင် အသစ် ပြန်လည်တည်ဆောက်နေခြင်းကြောင့် လည်းကောင်း၊ အထွေထွေ ကုန်ကျစားရိတ် စားစရိတ် မြင့်တက်လာခြင်းကြောင့် လည်းကောင်း ၊ ဆွမ်းစားရန် နေရာ အခက်အခဲ ရှိခြင်းကြောင့် လူဦးရေ ကို ယခင် နှစ် ကထက် ပိုမို လျော့ချ၍ လက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့၊ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ သည် ၂၀၂၀ ပြည့်နှစ် တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရောဂါကြောင့် တရားစခန်း (၂) နှစ်ကျော် ပိတ်ထားခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် မှ တရားစခန်းပွဲ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် တရားစခန်းပွဲ ၄ ပွဲ နှင့် တစ်ရက်သာ ကျင်းပနိုင်ခဲ့ပြီး ၊ ၂၀၂၃ ခုနှစ်တွင် တစ်နှစ်တာ ကာလ ၁၀ ပွဲ အပြည့် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၊ မဟာစည် သာသနာ့ ရိပ်သာ၊ ဘုရားဖြူရပ်ကွက်တွင် မေတ္တာနန္ဒဓမ္မဝိဟာရ ကျောင်းတိုက် တရားစခန်း ၊ ပလီလင်း ကျေးရွာတွင် ထာဝရဓမ္မရိပ်သာ စာသင်တိုက် တရားရိပ်သာ ၊ စက်မှုဇုန်တွင် ချမ်းမြေ့ တရားရိပ်သာ ၊ စသဖြင့် တရားစခန်းများစွာ ရှိကြောင်း သိရသည်။ ထို့ပြင် ယခုနောက်ပိုင်း အသစ်တိုးလာသော တရားစခန်း ၊ တရားရိပ်သာ များလည်း ရှိလာခြင်း ဖြစ်ကာ တရားစခန်း ဝင်ရောက်သူ ပိုမို များပြား လာကြောင်း သိရသည်။

Most Read

Most Recent