■ ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသည့် သင်္ဘောအား အိန္ဒိယရေတပ် တက်ရောက်စီးနင်းပြီး မြန်မာသင်္ဘောသားများ အပါအဝင် ၁၇ ဦးအား ကယ်တင်နိုင်ခဲ့

■ ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသည့် သင်္ဘောအား အိန္ဒိယရေတပ် တက်ရောက်စီးနင်းပြီး မြန်မာသင်္ဘောသားများ အပါအဝင် ၁၇ ဦးအား ကယ်တင်နိုင်ခဲ့
■ Photo : India Navy
■ Photo : India Navy
Published 17 March 2024

ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသည့် သင်္ဘောအား အိန္ဒိယရေတပ်က တက်ရောက်စီးနင်းပြီး မြန်မာသင်္ဘောသား များအပါအဝင် ၁၇ ဦးအား ကယ်တင်နိုင်ခဲ့သည်ဟု အိန္ဒိယ ‌ရေတပ်က လူမှုကွန်ရက် X တွင် သတင်းဖော်ပြထားသည်။ပြန်ပေးဆွဲခံရသည့် သင်္ဘောမှာ Bulk Carrier သင်္ဘော အမျိုးအစား Ruen အမည်ရှိ သင်္ဘောဖြစ်ပြီး အိန္ဒိယ ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၆၀၀ ကျော်အကွာအဝေးတွင် တည်ရှိနေခြင်းဖြစ်သည်။

မတ် ၁၆ ရက်နေ့ ညနေပိုင်းတွင် MARCOS တပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့ဝင်များက သင်္ဘောပေါ်သို့ တက်‌ရောက်စီးနင်းခဲ့ပြီး ဓားစာခံများကို ကယ်တင်နိုင်ခဲ့သည်။ ဓားစာခံများကို ကယ်တင်နိုင်ရန် နာရီ ၄၀ ကြာမြင့်ခဲ့ပြီးနောက် စစ်ရေယာဉ်များနှင့် ရေကြောင်းကင်းလှည့် လေယာဉ်များ အစရှိသည်တို့ဖြင့် ပေါင်းစပ်လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယရေတပ်က ထုတ်ပြန်ထားသည်။

သင်္ဘောပေါ်မှ ပင်လယ်ဓားပြ ၃၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး သင်္ဘောသား ၁၇ ဦးကို ဘေးကင်းစွာဖြင့် ကယ်တင်နိုင်ခဲ့သည်ဟု အိန္ဒိယရေတပ်က ထုတ်ပြန်သည်။ အဆိုပါ သင်္ဘောသား ၁၇ ယောက်အနက် ကိုးဦးမှာ မြန်မာများဖြစ်ပြီး ကျန်သူများမှာ ဘူဂေးရီးယား ခုနစ်ဦး၊ အင်ဂိုလာ တစ်ဦး ဖြစ်သည်ဟု သင်္ဘောသား အသိုင်းအဝိုင်းမှ သိရသည်။

 

Most Read

Most Recent