စက်သုံးဆီဈေးနှုန်း မြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာ

စက်သုံးဆီဈေးနှုန်း မြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာ
Published 22 March 2024

စက်သုံးဆီစျေးနှုန်းမြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

မတ် ၂၂ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၉၀၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။

ယခင်ရက်များက ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းသည် ၉၂ တစ်လီတာ ကျပ် ၂၇၃၀၊ ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဓာတ်ဆီစျေးနှုန်းများ ယခင်ထက်ပိုမိုမြင့်တက်လာပြီး ၉၂ တစ်လီတာ ၅၅ ကျပ်၊ ၉၅ တစ်လီတာ ၅၅ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

ဒီဇယ်ဆီစျေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေသည်ကို စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

Most Read

Most Recent