ဝိုင်းမော်မြို့နယ် တောင်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင် ၂၀၀၀ ဝန်းကျင်ရှိလာ

ဝိုင်းမော်မြို့နယ် တောင်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင် ၂၀၀၀ ဝန်းကျင်ရှိလာ
Published 17 March 2024

၀ိုင်းမော်မြို့နယ် တောင်ခြမ်းတွင် မတ် လဆန်းပိုင်းက စတင်ကာ ပြင်းထန်သည့် ပစ် ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်  ထွက် ပြေးတိမ်းရှောင်လာသူ၂၀၀၀ ဝန်းကျင် ရှိ လာခဲ့ပြီဖြစ်ကြောင်း ကူညီနေသူများက ဆို ပါသည်။

လွန်ခဲသည့် ဒီဇင်ဘာ လလယ်ပိုင်းကတည်းကမြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ် တောင်ဘက်ခြမ်းကို  KIA နှင့် PDF အဖွဲ့ တို့က နယ်မြေစိုးမိုးမှု ရယူထားခဲ့သည့်။ ယင်း နောက်မတ်လဆန်းပိုင်းတွင် ၀ိုင်းမော်-ဗန်း မော်လမ်းပိုင်းရှိ တပ်မတော် အခြေစိုက် စခန်း များကို တိုက်ခိုက်လာခဲ့ပြီးနောက် အောင် မြေ ၁၊ အောင်မြေ ၂၊ရွှေညောင်ပင် ကျေးရွာ များမှာ ရွာလုံးကျွတ်နီးပါး ပြေးခဲ့ကြရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်သူများကို ၀ိုင်းမော်မြို့ ဘုန်ကြီးကျောင်း နှစ်ကျောင်း၊ခတ်ချို ကျေး ရွာရှိ ဘုန်းကြီးကျောင်းသုံးကျောင်း၊ သက်ဆိုင် ရာ ခရစ်ယာန် အသင်းတော်ကျောင်းများ၊ မိုင်းနားစစ်ဘေးရှောင် စခန်းများသို့ ပို့ဆောင် ထားရကြောင်း စစ်ဘေးရှောင်များကို ကူညီ နေသည့် ၀ိုင်းမော် သိမ်းကြီးစု ဆရာတော် ဦးပညာသာရက မိန့်ကြားသည်။

“မနေ့က သွားခေါ်တာက နှစ်ထောင် ကျော်မယ်။ အခုဘုန်းကြီးကျောင်တွေမှာ သူတို့နေဖို့ အဆောင်တွေ ဆောက်နေတယ်။ အလှူရှင်တွေရဲ့ အကူအညီနဲ့ပဲ ရပ်တည် နိုင်သေးတယ်။ကြာရင်လည်း ကူညီဖို့တော့ ခက်တော့မယ်။မကြာစေချင်ဘူး။ စစ်ဆိုတဲ့ အသံကို မကြားချင်ဘူး ဘုန်ကြီးတို့က ။အား လုံး ဒုက္ခရောက်ကုန်တယ်။ ဘယ်လိုနေရနေရ အေးအေးချမ်းချမ်းနေချင်တယ်”ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ဖားကန့်၊ မိုးမောက် ၊ မံစီ၊ ဗန်းမော် မြို့နယ်များတွင် စစ် ရေး တင်းမာမှုများရှိနေပြီး စစ်ရှောင်ပြည်သူ ထောင်နှင့်ချီကာ နီးစပ်ရာ မြို့များသို့ခိုလှုံနေ ကြရခြင်းဖြစ်သည်။

၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် ကျေးရွာ မှ ဝိုင်းမော်မြို့သို့ ထွက်ပြေးလာသူ  အသက် ငါးဆယ်ကျော်အရွယ်အိမ်ထောင်သည်  အမျိုးသမီးတစ်ဦးက“ စပါးတွေက ပြီးအောင် ကို မသိမ်းကြရသေးဘူး။ အများစုက ပုံထား ကြသေးတယ်။ လက်နက်ကိုင်တွေကလည်း ဘယ်အဖွဲ့ကမှန်း မသိအောင်ကို ရွာထဲ ဝင် ထွက်ကြတာ။စိုးရိမ်တာကတော့ တိုက်ပွဲဖြစ် ကြ၊မီးတွေလောင်ကြနဲ့ ငတ်မှာကြောက်တာ ပေါ့ ။ စခန်းတွေမှာ ကြာကြာနေလို မဖြစ် ဘူး။ ဘယ်သူမှကြာကြာ မကူညီနိုင်ဘူး” ဟု ဆိုသည်။

လက်ရှိတွင် ဝိုင်းမော်မြို့ပေါ်နှင့် ဘုန်းကြီးကျောင်းများ၊ခတ်ချိုကျေးရွာနှင့် ဘုန်းကြီး ကျောင်းများတွင်လူဦးရေ နှစ်ထောင်ဝန်းကျင် ရောက်ရှိလာသော်လည်း အကူအညီပေးနိုင်မှု မှာ အလွန်နည်းပါး နေသေးကြောင်းအကူအညီပေးနေသူ တစ်ဦးက ဆိုသည်။

ကချင်ပြည်နယ် ကျေးလက်ဒေသ များ သည် ၁၉၆၂ ခုနှစ် မှ ၁၉၉၄ ခုနှစ်အထိ ပြည် တွင်းစစ်ဘေးဒဏ်ကိုတိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍ လည်းကောင်း ခံခဲ့ရ သည်။

 ၁၉၉၄ ခုနှစ်တွင် တပ်မတော်နှင့်  KIO အဖွဲ့တို့ ငြိမ်းချမ်းရေး ယူပြီးနောက် ၁၇ နှစ် အကြာ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားခဲ့သည်။ စစ်ဘေးရှောင်သူတစ် သိန်းဝန်းကျင်ရှိခဲ့ပြီး နေရာပြန်လည် ချထား ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ပစ် ခတ်တိုက်ခိုက်မှုများ ပြန်လည် ပြင်းထန်လာ ခြင်းဖြစ်သည်။

Most Read

Most Recent