■ အပူချိန် ပြင်းသဖြင့် ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး မူးလဲကျသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်

■ အပူချိန် ပြင်းသဖြင့် ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး မူးလဲကျသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်
Published 3 April 2024

အပူချိန်ပြင်းသဖြင့် ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး မူးလဲကျသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း လင်းလက် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဧပြီ ၃ ရက် နေ့လယ် ၁၁ နာရီကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် ဘူတာကြီးဘေး ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး ရုတ်တရက်မူးလဲခဲ့သဖြင့် အသင်းက သွားရောက်ကူညီပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအသင်းထံမှ သိရသည်။

" ဒီရက်ထဲ အပူချိန် လွန်ကဲလာခြင်းကြောင့် ရောဂါအခံရှိသူများ သတိထားစရာပါ ။ နှလုံး သွေးတိုး ဆီချို ကျောက်ကပ် ရောဂါအခံရှိပါက နေပူထဲသို့ မသွားသင့်ပါ။ လဆန်းပိုင်းမှစ၍  ကျွန်မတို့ အတွေ့အများဆုံးလူနာမှာ ဦးနှောက်သွေးကြောပေါက်ခြင်း ၊  ရုတ်တရက်သေဆုံးခြင်း၊  မူးလဲခြင်း၊ အဖျားကြီး လူနာများတွေ့နေရပါသည်။ အတတ်နိုင်ဆုံး မသွားမဖြစ်သွားရပါက မနက်စောစော ဒါမှမဟုတ် ညနေပိုင်း နေညိုချိန် မှသာ သွားလာပါ။ အရိပ်ရသော နေရာ၊ အပူချိန် သက်သာသောနေရာ နေထိုင်ပါ။ အဝတ်အထည်များကို ချည်ထည်ဝတ်ဆင်ပါ။ ရေခဲရေ မသောက်ပါနှင့်။ ကားအတွင်းaircon မှအပြင်သို့ ရုတ်တစ်ရက်မထွက်မီ အအေးချိန်ကို လျော့ချပါ" ဟု အဆိုပါအသင်းက ရေးသားထားသည်။

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း ဧပြီ ၃ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent