■ ပေါင်မြို့နယ်ရှိ ကျေးရွာ ၄၅ ခုမှ မိုးစပါးစိုက်ဧက ၃၉၂၆၆ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၁၁၇၇၉၈ ထုတ်ချေးပေးသွားမည်

■ ပေါင်မြို့နယ်ရှိ ကျေးရွာ ၄၅ ခုမှ မိုးစပါးစိုက်ဧက ၃၉၂၆၆ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၁၁၇၇၉၈ ထုတ်ချေးပေးသွားမည်
Published 7 May 2026

ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ ၄၅ ခုမှ မိုးစပါးစိုက်ဧက ၃၉၂၆၆ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၁၁၇၇၉၈ ထုတ်ချေးပေးသွားမည်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် နီးစပ်သူများထံမှသိရသည်။

ယမန်နှစ်က မိုးစပါးတစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် ထုတ်ချေးခဲ့ရာမှ ယခုနှစ်တွင် မိုးစပါးတစ်ဧက (၃၀၀၀၀၀) ကျပ်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့် မေလ (၁၂) ရက်နေ့မှစတင်ကာ မိုးစပါးချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုးစပါးထုတ်ချေးမယ့်တောင်သူတွေအနေနဲ့က လယ်ယာလုပ်ကိုင်ခွင့်အမည် ပေါက်လုပ်ကိုင်နေသူတွေကို ဦးစားပေးအနေနဲ့ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။ နောက်ပြီး လယ်ယာလုပ်ပိုင်ခွင့် အမည်မပေါက်သေးသူတွေ၊ မိသားစုဝင်တွေ၊ အရောင်းအဝယ်လုပ်ထားတဲ့ လယ်ယာမြေတွေကို ထပ်မံစိစစ်ပြီးတော့ ဒုတိယဦးစားပေးအနေနဲ့ ချေးငွေထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ပေါင်မြို့နယ်အတွင်း ကျေးရွာ (၄၅) ရွာ၍၌ တာင်သူ (၄၇၀၃) ဦး၏ မိုးစပါးစိုက်ဧက (၃၉၂၆၆) အတွက် မိုးစပါးချေးငွေစုစုပေါင်း (၁၁၇၇၉၈) သိန်း ထုတ်ချေးပေးသွားဖြစ်ကြောင်း သိရသည်။

Most Read

Most Recent