မန္တလေးမြို့ ငွေတော်ကျီကုန်းရပ်ကွက်ရှိ စက္ကူစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား

မန္တလေးမြို့ ငွေတော်ကျီကုန်းရပ်ကွက်ရှိ စက္ကူစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား
ဓာတ်ပုံ-ကိုသန်းဌေး
ဓာတ်ပုံ-ကိုသန်းဌေး
Published 7 April 2024
သတင်း - သက်ထွန်းအောင်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ စက္ကူစက်ရုံတွင် ဧပြီ  ၇ ရက် ၊ နံနက် ၁၂ နာရီ ၄၈ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈လမ်း(မင်္ဂလာကန်လမ်း)၊ ၁၂၅လမ်းနှင့် ၁၂၆လမ်းကြား၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ၄၀ ပေ နှင့် ၁၇၀ ပေ Steel Structure တစ် ထပ် စက္ကူစက်ရုံအတွင်း စက္ကူဆွဲစက် အိတ်ဇောဖန် ဂဟေဆော်ရာမှ အောက်ရှိစက္ကူ ကုန်ကြမ်းများပေါ်သို့ မီးပွားကျပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ LUF - 60 မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၈၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၃ မိနစ် အချိန် မီးထိန်းခဲ့ပြီး နံနက် ၃ နာရီ ၃၃ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဆောက်အဦနှင့် စက္ကူကုန်ကြမ်း ပိဿာ ၁၀၀၀၀ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ သေဆုံးမှုမရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မရဲစခန်းမှ စက္ကူစက်ရုံ တာဝန်ခံဖြစ်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသားအား (ပ- ၇၈/၂၈၅/၂၀၂၄)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

 

 

 

Most Read

Most Recent