အမေရိကန်ပြည်ထောင်စု၏ Chevron ကုမ္ပဏီ မြန်မာနိုင်ငံ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရားဝင်နုတ်ထွက်

အမေရိကန်ပြည်ထောင်စု၏ Chevron ကုမ္ပဏီ မြန်မာနိုင်ငံ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရားဝင်နုတ်ထွက်
Published 10 April 2024
Ref: OGJ

Chevron Group ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော Unocal Myanmar Off -shore Co. Ltd. (UMOC) သည် မြန်မာ နိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်တွင် လုပ် ကိုင်နေသော  ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှနေ၍ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ စတော့အိတ်ချိန်းသို့ ထိုင်း နိုင်ငံ၏ PTT Exploration and Production Public Co. Ltd. (PTTEP) မှ ပေးပို့သော စာအရ ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်တွင် နုတ် ထွက်ခြင်း လုပ်ငန်းစဉ်အားလုံး ပြီးမြောက်ခဲ့ ကြောင်း သိရသည်။ ယင်းနုတ်ထွက်မှုသည် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်က စ၍ အကျုံးဝင်ခဲ့ သည်။

TotalEnergies နှင့် Chevron တို့သည် ဆိုးရွားလာသော လူ့အခွင့်အရေးအခြေအ နေများကို စိုးရိမ်မှုများကြောင့် သဘာဝဓာတ် ငွေ့ဖက်စပ်လုပ်ငန်းမှ ထွက်ရန် အစီအစဉ် များကို သတိပြုမိခဲ့သည်။ TotalEnergies

  က နုတ်ထွက်အပြီး ၂၀၂၂ ခုနှစ်တွင် PTTEP သည် ရတနာဓာတ်ငွေ့စီမံကိန်း (Block M5 နှင့် M6) ၏ လုပ်ကိုင်သူအဖြစ် လွှဲပြောင်းရယူ ခဲ့သည်။

CHEVRON  သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီလတွင် ရတနာပုံ၏ ရှယ်ယာများကို ရောင်း ချရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ သည်။ သို့သော် CHEVRON  ၏ အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို ကျန်အစုရှယ်ယာ ရှင်များဖြစ်ကြသည့် PTTEP နှင့် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ထံ ပြန်လည်ဝေငှခဲ့သည်။

ယခုအခါ စီမံကိန်းတွင် PTTEP၏ အ ကျိုးစီးပွား သည် ၆၂ ဒသမ ၉၆၃၀ ရာခိုင်နှုန်း အထိ တိုးလာကြောင်း ဧပြီ ၅ ရက်က စာအရ သိရသည်။

သဘာဝဓာတ်ငွေ့ကို ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် ရတနာစီမံကိန်းသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့တွင် တည်ရှိ သည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း ကိန်းဂဏန်း များအရ ရတနာလုပ်ကွက်သည် တစ်နှစ်လျှင် ခြောက်ဘီလျံ ကုဗမီတာရှိပြီး ရာခိုင်နှုန်းရ၀ သည် ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။

သယ်ယူပို့ ဆောင်မှု အများစုသည် မုတ္တ မ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ တစ်ဆင့် ထိုင်း-မြန်မာ နယ်စပ်သို့ ဓာတ်အားပေး စက်ရုံများထံ ဖြန့်ဝေရန် ဖြစ် ပြီး ကျန်ပမာဏများကို မြန်မာနိုင်ငံ စျေးကွက် သို့ အပ်နှံထားကြောင်း မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ လုပ်ငန်းဆိုင်ရာ CHEVRON  အင် တာနက်ဝက်ဘ်ဆိုက် စာမျက်နှာမှ သိရသည်။ ၂၀၂၄ ခုနှစ် တွင် (ရတနာစီမံကိန်းက အဓိက ဖြစ်သော) မြန်မာနိုင်ငံက တင်သွင်းသည့် သ ဘာဝဓာတ်ငွေ့သည် ထိုင်းနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ ဝယ်လိုအား ၁၄ ရာခိုင်နှုန်းခန့် ရှိ ကြောင်း ယခုအခါ ဖယ်ရှားလိုက်ပြီ ဖြစ် သော အဆိုပါဝက်ဘ်ဆိုက်စာမျက်နှာက ဖော်ပြခဲ့ သည်။         

           

 

Most Read

Most Recent