မြဝတီအနီးဝန်းကျင်၌ တိုက်ပွဲများ အရှိန်လျော့ကျပြီဖြစ်၍ မဲဆောက်သို့ တိမ်းရှောင်လာသော မြန်မာဒုက္ခသည်များ နေရပ်သို့ ပြန်လျက်ရှိဟု ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ပြောကြား

မြဝတီအနီးဝန်းကျင်၌ တိုက်ပွဲများ အရှိန်လျော့ကျပြီဖြစ်၍ မဲဆောက်သို့ တိမ်းရှောင်လာသော မြန်မာဒုက္ခသည်များ နေရပ်သို့ ပြန်လျက်ရှိဟု ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ပြောကြား
Published 22 April 2024
Ref:Bangkok Post

မြဝတီအနီးဝန်းကျင်၌ တိုက်ပွဲများ အရှိန်လျော့ကျသွားပြီဖြစ်၍ မဲဆောက်သို့ တိမ်းရှောင်လာသော မြန်မာဒုက္ခသည်များ နေရပ်သို့ပြန်လျက်ရှိကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ဆန်သီရီရက်က ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ပြောကြားကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသည်။

အဆိုပါမြဝတီမြို့၏အနီးဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အရှိန်လျော့ကျသွားပြီး  ဆွေးနွေးမှုများ စတင်လုပ်ဆောင်လျက်ရှိစဉ် ထိုင်းနိုင်ငံတက်ခ်ပြည်နယ်ရှိ မဲဆောက်ခရိုင်ကို ရောက်လာသော မြန်မာဒုက္ခသည် အရေအတွက်သည် ဧပြီ ၂၁ ရက် တွင် ၃၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ဧပြီ ၂၂ ရက် တွင် ၁၀၀၀ ခန့် သာရှိတော့သည်ဟု ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ဆန်သီရီရက်က ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားနေသော ဘက်နှစ်ဘက်သည် ယခုအခါဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပြီး နစက၏စစ်ကူသည် ကော့ကရိတ်မှ မြဝတီသို့ ရောက်ရှိလာခြင်းမရှိသေးဟု ၎င်းက Thai BPS ရုပ်သံကို ပြောကြားခဲ့သည်။

တိုက်ပွဲရှောင်ရန် မြဝတီမှ နယ်စပ်ဖြတ်ကျော်လာသူ အများအပြားသည် ယခုအခါ  မဲဆောက်မှ နေရပ်သို့ ပြန်နေကြသည်ဟု ဆိုသည်။

ပထမဆုံး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို လမ်းသွားလမ်းလာများနှင့် ကုန်စည်ပို့ဆောင်ခြင်းတို့အတွက် ဖွင့်ထားပေးသကဲ့သို့ မဲဆောက်ရှိ နယ်စပ်အမှတ်အသားဖြစ်သော သောင်ရင်းမြစ်တစ်လျှောက်ရှိ တရားဝင်ဆိပ်ခံတံတားများကိုလည်း ဖွင့်ထားပေးသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းလုံခြုံရေးအာဏာပိုင်များက မြန်မာဒုက္ခသည်များအတွက် မဲ‌ဆောက်တွင် ယာယီခိုလှုံရေးစခန်း‌‌ခြောက်ခု ဖွင့်လှစ်ပေးထားပြီး ဒဏ်ရာရလာသူများကို မဲဆောက်ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးအပါအဝင် နယ်စပ်တွင် ဖြစ်ပျက်မှုများအခြေများကို သိရှိရန်အတွက် ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက မဲဆောက်သို့ သွားရောက်မည်ဟု ဧပြီ ၁၆ ရက် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် Facebook ၌ ရေးသားခဲ့ပြီး ဒေသခံပြည်သူများနှင့် လုံခြုံရေးတာဝန်ရှိသူများကို စိတ်ဓာတ်ရေးရာ အားပေးမည်ဟု ဖော်ပြခဲ့သည်။ တိုက်ပွဲများက ထိုင်းမြေသို့ ထိခိုက်သည်ကို မလိုလားဟု ၎င်းက ဆိုသည်။

မြဝတီ၌ လုပ်ကိုင်နေသော လူလိမ်များ မဲဆောက်သို့ ထွက်ပြေးလာနိုင်သဖြင့် တာဝန်ရှိသူများက ၎င်းတို့ကို စောင့်ကြည့်ရမည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ရေးသားခဲ့သည်။                

Most Read

Most Recent